Powered by Blogger.

မန်စီးတီးအသင်းက နောက်တန်း ကစားသမားနှစ်ယောက်ကို ခေါ်ယူရေး အစီအစဉ်စတင်



မန်စီးတီးအသင်းဟာဆိုရင်တော့ နည်းပြသစ်ဖြစ်လာမယ့် Guardiola (ဂွာဒီယိုလာ)လက်ထက်မှာ ကစားသမားအင်အားဖြည့်တင်းမှု အစီအစဉ်တွေ နှောင့်နှေးမှုမရှိစေဖို့ အခုအချိန်တည်းက စတင်ပြီး အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာဆိုရင်တော့ အမှားများနေတဲ့ နောက်တန်းကို အဓိကထားပြင်ဆင်သွားဖွယ်ရှိနေပြီး နောက်တန်းအင်အားကို ပြန်ပြီးဖြည့်တင်းနိုင်ဖို့အတွက် ပေါင်သန်းရှစ်ဆယ်လောက် အသုံးပြုသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဘီလ်ဘာအိုအသင်းနောက်ခံကစားသမား Laporte (အိုင်မာရစ်လာပေါ်တီ)နဲ့ အဲဗာတန်နောက်ခံလူ John Stones (ဂျွန်စတုန်း)တို့ကို ပစ်မှတ်ထားနေပြီး ဂွာဒီယိုလာလက်ထက်မှာ မန်စီးတီးအသင်းအတွက် ပထမဆုံး ပြင်ဆင်မှုလည်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

ဂွာဒီယိုလာဟာဆိုရင်တော့ သူ့ရဲ့လက်ထက်မှာ ဒီနောက်ခံလူနှစ်ယောက်ကို အဓိက အားပြုကစားစေလိုပြီး မန်စီးတီးအသင်းရဲ့ လက်ရှိနောက်တန်းကစားသမားတွေ အနေနဲ့ နေရာပျောက်ဖွယ်ရှိနေပါတယ်။ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေတဲ့ ဒီမစ်ချယ်လစ်နဲ့ အော်တာမန်ဒီတို့ရဲ့ နေရာတွေမှာ ဒီကစားသမားနှစ်ယောက်ကို အစားထိုးဖို့ မန်စီးတီး တာဝန်ရှိသူတွေကလည်း ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပြင်သစ်နောက်တန်းလူ လာပေါ်တီဟာဆိုရင်တော့ ဘီဘာအိုအသင်းအတွက် အရေးပါတဲ့ နောက်ခံလူဖြစ်နေပြီး ဂျွန်စတုန်းကလည်း အဲဗာတန်အတွက်တော့ ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။

ဒီအသက် ၂၁ နှစ်အရွယ်ကစားသမားနှစ်ယောက်ကိုတော့ မန်စီးတီးအသင်းက တစ်ယောက်ကို ပေါင်သန်းလေးဆယ်လောက် ကုန်ကျနိုင်မယ်လို့ တွက်ချက်ထားပြီး ချယ်လ်ဆီး ၊ ဘာစီလိုနာစတဲ့ အသင်းတွေနဲ့ လာမယ့်အပြောင်းအရွေ့ကာလမှာ အပြိုင်ကြိုးပမ်းရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment