Powered by Blogger.

လက်စတာအသင်းပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံက ငလျင်အငယ်စားတစ်ခုလောက် အင်အားပြင်းခဲ့


ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကင်းပါဝါကွင်းမှာ ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ နောဝစ်ခ်ျအသင်းတို့ရဲ့ ပွဲစဉ်မှာ လက်စတာအသင်းရဲ့ လူစားဝင်တိုက်စစ်မှူး ယူလိုအာက နောက်ဆုံးမိနစ်မှာ လက်စတာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

သရေရလဒ်နဲ့ပွဲပြီးသွားပြီလို့ထင်နေတဲ့ လက်စတာအသင်းပရိသတ်တွေဟာ ယူလိုအာ ဂိုးသွင်းယူလိုက်တဲ့ အချိန်မှာတော့ ဝမ်းသားအားရနဲ့ အောင်ပွဲခံလိုက်တဲ့ အသံဟာ ငလျင်အသေးစားတစ်ခုလောက် တုန်ခါမှု အားပြင်းသွားတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ ငလျင်တိုင်းတာရေးစခန်းကတော့ ရုတ်တရက်ကြီး ပြင်းအား ၀.၃ လောက်ရှိတဲ့ ငလျင်တစ်ခုလှုပ်ရှားသွားတာကြောင့် ရှော့ခ်ရသွားခဲ့ရပြီး နောက်ပိုင်းမှ ကင်းပါဝါကွင်းထဲက ထွက်လာတဲ့အားပေးသံကြောင့် ဖြစ်ပေါ်တယ်ဆိုတာကို သိရှိခဲ့ကြတယ်လို့ သိရပါတယ်။


“ကျွန်တော်တို့က ကျောင်းမှာ ငလျင်တိုင်းတာရေးကိရိယာတွေကို ဟိုတစ်နေ့လောက်ကမှ တပ်ပြီး ရလာတဲ့ သတင်းအချက်အလက်တွေကို မှတ်တမ်းပြုနေတာဗျ။ ဒါပေမယ့် တစ်နေ့ကျတော့ စက်ပေါ်မှာ အတော်လေးကြီးတဲ့ အမှတ်ထိုးတက်မှုဖြစ်သွားတာကို တွေ့ရတယ်။ ပြီးမှာ လက်စတာအသင်းရဲ့ ကွင်းက ထွက်လာတဲ့အသံကြောင့်ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်” လို့ ကင်းပါဝါကွင်းအနားမှာ ရှိတဲ့ ဟေဇယ်ကျောင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီလိုမျိုး လက်စတာပရိသတ်တွေရဲ့ ရင်ဘတ်ထက အားပေးနေတဲ့အသံတွေကြောင့် လက်စတာအသင်းက ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာကို ဆုပ်ကိုင်ထားနိုင်တာဖြစ်တယ်လို့လည်း လက်စတာတိုက်စစ်မှုး ဗာဒီကပြောကြားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment