Powered by Blogger.

အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်းနီပေါ်တွင် ဖိအားများစွာရှိနေဟု နည်းပြ ရွိုင်းဟော့ဒ်ဆန်ပြောကြား



အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ Roy Hodgson (ရွိုင်းဟော့ဒ်ဆန်)ကတော့ အင်္ဂလန်အသင်းခေါင်းဆောင်နဲ့ တိုက်စစ်မှူး  Rooney (ရွန်းနီ)ဟာ ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းကနေ ချန်လှပ်ခံထားခဲ့ရတဲ့နောက်ပိုင်းမှာ ဖိအားများစွာကို ခံစားနေရတယ်လို့ ပြောပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့တဲ့ ရွန်းနီဟာဆိုရင်တော့ မန်ယူအသင်းမှာ  ခြေစွမ်းသိပ်မပြနိုင်ခဲ့ဘဲ ဒဏ်ရာလည်းနေခဲ့တာကြောင့် လက်ရွေးစင်အသင်းက ခေါ်ယူခြင်းကို မခံခဲ့ရဘဲ စပါးတိုက်စစ်မှူး ဟာရီကိန်း ၊ လက်စတာတိုက်စစ်မှူး ဗာဒီနဲ့ အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်တို့ကို ဟော့ဒ်ဆန်က ယူရိုပြိုင်ပွဲမတိုင်ခင် ခြေစမ်းခရီးစဉ်မှာ ရွေးချယ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ရွန်းနီကို မရွေးချယ်ခဲ့တာကလည်း အင်္ဂလန်အတွက်တော့ နစ်နာမှုမရှိခဲ့ပါဘူး။ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းနဲ့ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ရွန်နီအစားခေါ်ယူခြင်းခံခဲ့ရတဲ့ ဟာရီကိန်းနဲ့ ဗာဒီတို့က ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး အရေးပါတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာတော့ အင်္ဂလန်အသင်းက ဘာလင်မြို့မှာ ဂျာမနီအသင်းကို အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် နည်းပြ ဟော့ဒ်ဆန်က “ကစားသမားလေးတွေက အကောင်းဆုံးကစားပြသွားတာ သူ့အပေါ်မှာ ဖိအားတွေ အများကြီးရှိသွားတယ်။ ကျွန်တော်တို့က အနာဂတ်ကောင်းတစ်ခုကို သွားနေတဲ့သူတွေပါ။ သူ(ရွန်းနီ)က အင်္ဂလန်အသင်းကို ပြီးခဲ့တဲ့နှစ်နှစ်မှာ အကောင်းဆုံးဦးဆောင်ပြီး ထိန်းကျောင်းကစားခဲ့သူပါ။ ကျွန်တော်တို့ ယူရိုခြေစစ်ပွဲတစ်လျှောက်မှာ သူ့ကြောင့်အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဆယ်ပွဲကစားတာမှာ ဆယ်ပွဲလုံးအနိုင်ရခဲ့တယ်လေ”

“ဒါ့ကြောင့် သူဒဏ်ရာရလို့ မကစားနိုင်တဲ့အချိန်မှာ လမ်းခုလတ်ဖြစ်နေရင်လည်း ချန်ထားခဲ့ရမှာပဲ။သူ့အနေနဲ့ ဒါကို မထိုက်တန်ဘူးလို့ မခံစားသင့်ဘူးထင်ပါတယ်။ ကျွန်တော် အလုပ်တစ်အားရှုပ်နေတယ်ဗျ။ ဝဲလ်ဘတ်က ပြန်ပြီး အကောင်းဆုံးကစားနိုင်လို့လည်း ပျော်ပါတယ်။ ဗာဒီပွဲထွက်လာတယ်။ အကောင်းဆုံးလုပ်ပြသွားနိုင်တယ်။ ကိန်းကတော့ တစ်ပွဲလုံး အပြည့်စုံဆုံးကစားနိုင်ခဲ့တယ်။ ကျွန်တော်အဲ့ဒီမိနစ်တွေမှာ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ”

“ဝိန်း (ရွန်းနီ) ပြန်ပြီး ကစားနိုင်လို့ ပြန်လာရင်တော့ ပိုပြီးကောင်းတဲ့ အခြေအနေကိုတောင် ဖန်တီးနိုင်လောက်တယ်။ ဝိန်းကတော့ ကျွန်တော်တို့ရဲ့ ကပ္ပတိန်ပါပဲ”  လို့ ပြောကြားသွားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment