Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းက ဒီဂီယာကို လက်လျှော့ပြီး ကော်တိုအာ့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာ



စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကတော့ မန်ယူဂိုးသမား De Gea (ဒီဂီယာ)ကို ခေါ်ယူဖို့ လက်လျှော့အပြီးမှာ နောက်ထပ် ဂိုးသမားကောင်းတစ်ယောက်ဖြစ်တဲ့ ချယ်လ်ဆီးဂိုးသမား Thibaut Courtois (သီဘောက် ကော်တိုအာ့စ်)ကို ဂိုးသမားတွေထဲမှာမှ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းဟာ သူတို့ရဲ့ လက်ရှိဂိုးသမား Keylor Navas (ကေလာနာဗတ်စ်)ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီး နာဗတ်စ်ကလည်း အကောင်းဆုံးလက်စွမ်းတစ်ရပ်ကို ပြသလျက်ရှိနေတာကြောင့် မန်ယူအသင်းနဲ့ စာချုပ်လျော်ကြေးကြီးမားတဲ့ ဒီဂီယာကို လက်လျှော့လိုက်ပြီလို့ သတင်းတွေက ဖော်ပြထားခဲ့တာပါ။

ဒါပေမယ့်လည်း ရီးရဲလ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်ကတော့ သူ့ရဲ့အသင်းမှာ အကောင်းဆုံးဂိုးသမားကို အလိုရှိနေဆဲဖြစ်ပြီး ပုံမှန်လက်စွမ်းပျောက်ဆုံးနေတဲ့ မန်ယူဂိုးသမား ဒီဂီယာအစား ချယ်လ်ဆီးအသင်းမှာ လက်စွမ်းတည်ငြိမ်နေတဲ့ ဂိုးသမား ကော်တိုအာ့စ်ကို ခေါ်ယူဖို့ အစီအစဉ်တွေ ရေးဆွဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကော်တိုအာ့စ်ဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းက ဂိုးသမား ပီတာချက်ကို ရောင်းထုတ်လိုက်အပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိကဂိုးသမားကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီး ကောင်းမွန်တဲ့ လက်စွမ်းတစ်ရပ်ကို ပြသနိုင်နေတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားကိုတော့ ချယ်လ်ဆီးကနေ အပြင်ကိုထုတ်နိုင်ဖို့အတွက် ရီးရဲလ်အသင်းဟာ ပေါင်သန်း ၇၀ လောက်အသုံးပြုရဖွယ်ရှိနေပြီး စာချုပ်လျော်ကြေးနဲ့ အေးဂျင့်ကြေးတွေ အပါအဝင် ငွေပမာဏဖြစ်ပါတယ်။

ဒီလို ပမာဏဟာ ရီးရဲလ်အသင်းအတွက် အတားအဆီးဖြစ်လာခဲ့ပြီး ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမားကို ခေါ်ယူဖို့အတွက် အတော်လေးကို ကြိုးစားရဖွယ်ရှိနေတာပါ။ ကော်တိုအာ့စ်ဟာဆိုရင်တော့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ အိမ်တစ်လုံးကို ပိုင်ဆိုင်ထားပြီး စပိန်ကို သဘောကျသူတစ်ယောက်လည်းဖြစ်ပါတယ်။

ကော်တိုအာ့စ်ရဲ့ ရည်းစားဖြစ်သူ အန်ဒရီယာနာကလည်း စပိန်လူမျိုးတစ်ယောက်ဖြစ်တာကြောင့် ရီးရဲလ်အသင်းက ပုဂ္ဂိုလ်ရေးပိုင်း ဆွေးနွေးမှုတွေနဲ့အတူ ကော်တိုအာ့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment