မိုင်ယာမီဘက်ခမ်းယူနိုက်တက်လို့ ခေါ်ဆိုနေကြတဲ့ ကမ္ဘာကျော် ဘောလုံးသမား David Beckham (ဒေးဗစ်ဘက်ခမ်း)ရဲ့ မိုင်ယာမီကမ်းခြေအခြေစိုက် ကိုယ်ပိုင်ဘောလုံးအသင်းဟာ အခုအချိန်ထိတော့ ကိုယ်ပိုင်ဘောလုံးကွင်းကို မတည်ဆောက်ရသေးပါဘူး။
အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲမှာ ဒီအသင်းက ပါဝင်ကစားသွားမှာဖြစ်ပြီး မိုင်ယာမီကမ်းခြေ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှုာဖြစ်ပါတယ်။ ဘောလုံးကွင်းတည်ဆောက်ဖို့အတွက် မြေကိုတော့ ဘက်ခမ်းဟာ နှစ်နှစ်ကျော်ကြာ အချိန်ယူ ရှာဖွေခဲ့ရပြီး ဒေသဆိုင်ရာ အကြီးအကဲတွေနဲ့လည်း သဘောတူညီမှုများစွာကို ရယူခဲ့ရတယ်လို့ သိရပါတယ်။
မြေကွက်ကြီးနှစ်ကွက်ကို ဝယ်ယူခဲ့ရတာဖြစ်ပြီး ပေးချေရတဲ့တန်ဖိုးကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ပရိသတ် ၂၅၀၀၀ လောက်ဝင်ဆံ့တဲ့ အားကစားကွင်းဖြစ်ဖို့အတွက် ဘက်ခမ်းအုပ်စုက ရည်မှန်းထားပြီး ဆောက်လုပ်ချိန် နှစ်နှစ်လောက်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
မိုင်ယာမီဘက်ခမ်းကွင်း ပုံစံငယ် |
အယ်လ်အေဂလက်ဆီတွင် ဘက်ခမ်းကစားခဲ့စဉ်က |
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : AFP
အာကျမိတယ်..ဘုရားသခင်သာရွေ့ကောင်းချီးပေးပါစေ
ReplyDeleteအာကျမိတယ်..ဘုရားသခင်သာရွေ့ကောင်းချီးပေးပါစေ
ReplyDelete