Powered by Blogger.

ယာဂန်ကလော့ပ်က ဂေါ့ဇီနဲ့ ဂျိုးနပ်စ်ဟက်တာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေ


လီဗာပူးလ်အသင်းရဲ့ နည်းပြချုပ် ယာဂန်ကလော့ပ်ဟာဆိုရင်တော့ တပည့်ဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂေါ့ဇီနဲ့ ကိုလုံး ဘယ်နောက်ခံလူ ဂျိုးနပ်စ်ဟက်တာတို့ကို ခေါ်ယူဖို့ စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ ကလော့ပ်ဟာ ဂေါ့ဇီကိုတော့ ပေါင်သန်း ၂၀ လောက်နဲ့ အန်ဖီးလ်ကို အရောက်ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပြီး ကိုလုံးအသင်းဘယ်နောက်ခံကစားသမားဖြစ်တဲ့ ဂျိုးနပ်စ်ဟက်တာကိုတော့ အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကလော့ပ်က ကင်းထောက်တွေလွှတ်ပြီး စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ်။

ဂေါ့ဇီဟာဆိုရင်တော့ လီဗာပူးလ်အသင်းမှာ လာကစားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် စိတ်ပျက်လျက်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိဘိုင်ယန်မြူးနစ်နည်းပြဖြစ်သူ ဂွာဒီယိုလာနဲ့လည်း ဂေါ့ဇီဟာ ဆက်ဆံရေးတင်းမာလျက်ရှိနေပြီး သူ့အနေနဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားချင်နေတယ်လို့လည်း သိရပါတယ်။

ဂေါ့ဇီကိုတော့ အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပေမယ့် ဂေါ့ဇီအနေနဲ့တော့ အာဆင်နယ်အသင်းထက်စာရင် ဆရာဟောင်း ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းမှာ ကစားဖို့ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဂေါ့ဇီဟာ ၂၀၁၃ ခုနှစ်တုန်းက ဒေါ့မွန်အသင်းကနေ ဘိုင်ယန်အသင်းကို ပေါင်သန်းသုံးဆယ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်းကလည်း တစ်နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။

ဂေါ့ဇီဟာ ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်အသင်းအတွက် ၁၂ ပွဲသာ ပါဝင်ကစားထားရပြီး ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒီဂျာမနီသားဟာဆိုရင် ဆုဖလား လေးခုအထိ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ရယူထားခဲ့ပြီး ဂျာမနီအသင်းနဲ့လည်း၂၀၁၄ ကမ္ဘာ့ဖလားကို ရယူထားနိုင်ခဲ့ပါတယ်။

အသက်၂၅ နှစ်အရွယ် ကိုလုံးနောက်ခံလူ ဂျိုးနပ်စ်ဟက်တာကတော့ ဘွန်ဒက်စ်လီဂါ ၁၁ ပွဲသာကစားဖူးပြီး ဂျာမနီအသင်းကို ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ သူကတော့ ကိုလုံးအသင်းနဲ့ ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ပေါင် ၁၂ သန်းလောက် တန်ကြေးရှိမယ်လို့ ခန့်မှန်းရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment