Powered by Blogger.

အင်္ဂလန်လူငယ်တွေကို သတိကြီးကြီးထားရမယ်လို့ နယ်သာလန်နည်းပြချုပ်ပြောကြား



ဒီနေ့ည ဝင်ဘလေကွင်းမှာ ကစားသွားမယ့် အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်လူငယ်တွေကို သတိကြီးကြီးထားသွားရမယ်လို့ နယ်သာလန်နည်းပြချုပ် ဒန်နီဘလင်း (မန်ယူကွင်းလယ်လူ ဒယ်လေဘလင်းရဲ့ ဖခင်ဖြစ်သူ) က ပြောပါတယ်။

ဒန်နီဘလင်းဟာဆိုရင်တော့ အင်္ဂလန်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဒယ်လ်အလီကိုလည်း ချီးကျူးခဲ့ပြီး ဂျာမနီအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာဆိုရင်တော့ နိုင်ငံတကာအဓိကပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ပြီးတဲ့နောက်ပိုင်း ယူရို ၂၀၁၆ မှာအောင်မြင်မှု ကြီးကြီးမားမားရရှိဖို့ မျှော်မှန်းထားပြီး ဂျာမနီအသင်းနဲ့ ပွဲမှာ အကောင်းဆုံးကစားပြနိုင်ခဲ့တာကြောင့် အားတက်စရာဖြစ်လာတာပါ။

အခုဆိုရင်တော့ ယူရိုပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ခြေစမ်းကစားသွားအုံးမှာဖြစ်ပြီး လူသစ်တွေရဲ့ အကောင်းဆုံးနောက်ထပ်ခြေစွမ်းတွေကို မြင်ရဖို့လည်း မျှော်လင့်တယ်လို့ အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က ပြောကြားထားခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ နယ်သာလန်နည်းပြ ဒန်နီဘလင်းက “အင်္ဂလန်ကတော့ နှစ်ဂိုးရှုံးနေတဲ့ အနေအထားကနေ သုံးဂိုးနှစ်ဂိုးနဲ့ ဂျာမနီမှာ အကောင်းဆုံးကစားပြသွားနိုင်ခဲ့တယ်။ သူတို့က နည်းစနစ်ပိုင်းကောင်းကောင်းနဲ့ အကောင်းဆုံးဖိအားပေးနိုင်တဲ့သူတွေပဲ။
အင်္ဂလန်တိုက်စစ်မှူးသုံးယောက်က နူအာနဲ့ ဂျာမနီတစ်သင်းလုံးကို ဒုက္ခတွေပေးခဲ့တယ်။ အင်္ဂလန်က ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးစုဖွဲ့ထားတဲ့ အသင်းပါ။ အရင်တုန်းကလို အနိုင်ရဖို့ လွယ်ကူတဲ့အသင်းတစ်သင်းမဟုတ်တော့ဘူး။ အရင်တုန်းကတော့ ကျွန်တော်တို့ ဟော်လန်အသင်းလည်း  သူတို့ကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပေမယ့် ဒီအချိန်မှာတော့ ရလဒ်က ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ မှန်းဆဖို့ ခက်ခဲသွားပြီ။” လို့ ပြောပါတယ်။

ယိုဟန်ခရိုက်ဖ်ကွယ်လွန်သွားမှုကိုလည်း ဘလင်းက ဂုဏ်ပြုပြောကြားခဲ့ပြီး နယ်သာလန်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ရော်ဘင်နဲ့ ရှနိုက်ဒါတို့ ဒဏ်ရာတွေကြောင့် ပါဝင်လာခြင်းမရှိဘူးဆိုတာကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဟော့ဒ်ဆန်ကိုလည်း အသင်းကို အကောင်းဆုံးထိန်းထားနိုင်တဲ့အတွက် ချီးကျူးလိုကြောင်း ပြောကြားခဲ့ပြီး စပါးကွင်းလယ်လူ အယ်လီဟာ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ကြောင်းနဲ့ အင်္ဂလန်အသင်းမှာ ရွန်းနီပြန်ကစားနိုင်ရင် ဒီထက်ပိုကောင်းနိုင်တယ်လို့ မြင်မိကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ မန်ယူကွင်းလယ်လူ ဒယ်လီဘလင်းရဲ့ အဖေဖြစ်သူ နယ်သာလန်နည်းပြချုပ် ဒန်နီဘလင်းက ပြောကြားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Guardian


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment