Powered by Blogger.

ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရရင် ဘုန်းမောက်အသင်း စုစုပေါင်းအကျိုးအမြတ် ပေါင် ၂၃၄ သန်း ရရှိမည်






ပရီးမီးယားလိဂ်ဟာဆိုရင်တော့ အကျိုးအမြတ်ဝင်ငွေတွေအများဆုံးရလေ့ရှိတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်သလို ငွေသုံးကြမ်းတဲ့လိဂ်တစ်ခုလည်း
ဖြစ်ပါတယ်။

အရင်ရာသီမှာ တန်းမဆင်းရဖို့ အနိုင်နိုင်ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ ရလဒ်တွေ ကောင်းမွန်လျက်ရှိနေတဲ့ ဘုန်းမောက်အသင်းဟာဆိုရင်တော့ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဘဲ တင်ကျန်ခဲ့ရင် စုစုပေါင်း အကျိုးအမြတ် ပေါင် ၂၃၄ သန်းအထိ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဘုန်းမောက်အသင်းဟာဆိုရင်တော့ ယခုရာသီမှာ ကွင်းနဲ့ တစ်ခြားအမှတ်တရပစ္စည်းရောင်းချရမှုကနေ ဝင်ငွေ ပေါင်သန်း ၇၀ အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ရုပ်သံထုတ်လွှင့်ခမြင့်မားတဲ့ ပရီးမီးယားလိဂ်ကနေ ပေါင်သန်း ၁၀၀ လောက်ကိုလည်း ခွဲဝေရရှိသွားမှာဖြစ်ပါတယ်။

အကယ်လို့ ဘုန်းမောက်အသင်းဟာ တန်းဆင်းသွားရရင်တောင် အကျိုးအမြတ်က ပေါင် ၆၄ သန်းအထိ ရရှိသွားမှာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းဟာ အရင်ရာသီကတော့ တန်းမဆင်းရဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း တစ်ဖြည်းဖြည်းတိုးတက်လာခဲ့တာကြောင့် ယခုရာသီမှာ အလယ်အလတ်အသင်းအဖြစ် ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

နောက်ရာသီမှာဆိုရင်တော့ ပရီးမီးယားလိဂ်အသင်းတွေဟာ စံချိန်တင်ဝင်ငွေ ပေါင် ၅.၁ ဘီလျံကို ရုပ်သံထုတ်လွှင့်ခ အနေနဲ့ ရရှိနိုင်ဖွယ်ရှိနေပြီး ဇယားအောက်ဆုံးက အသင်းရဲ့ရုပ်သံဝင်ငွေဟာ ပေါင် ၉၇ သန်းအထိရှိလာနိုင်ပါတယ်။ ဘုန်းမောက်အသင်းဟာဆိုရင်တော့ ဘီနစ်ခ်အဖိုဘီနဲ့ လူးဝစ်ဂရာဘန်တို့ကို ဆောင်းအပြောင်းအရွှေ့မှာ ပေါင် ၁၇ သန်းလောက် အသုံးပြုခေါ်ယူထားတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment