Powered by Blogger.

ဝေဖန်မှုတွေအပေါ်မှာ တုံ့ပြန်ပြောဆိုလိုက်တဲ့ အာစင်ဝင်းဂါး


အာဆင်နယ်အသင်းကတော့ ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။

နည်းပြဖြစ်သူ Arsene Wenger (အာစင်ဝင်းဂါး)ဟာဆိုရင်လည်း ဒီလိုရလဒ်ကြောင့် ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုတွေကို ခံခဲ့ရပြီး ဆန္ဒပြမှုတွေကိုလည်း ခံခဲ့ရပါတယ်။

ဒီလိုရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးက “ဒီလို ပွဲဟာဆိုရင်တော့ ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ခုပဲလို့ ထင်မိပါတယ်။ သင့်အနေနဲ့ ဒရာမာဇာတ်လမ်းတစ်ခုရဲ့ အလယ်ကို ရောက်နေတဲ့အချိန်မှာ ဟာသဇာတ်ကွက်တစ်ခုက ဝင်ပြီးနှောင့်ယှက်လိုက်သလိုပါပဲ” လို့ ညည်းတွားသွားခဲ့ပါတယ်။

“အာဆင်နယ်ကတော့ ဒီပွဲမရှုံးခင်မှာလည်း ခါးသီးတဲ့ အရှုံးတွေကို ရင်ဆိုင်ခဲ့ရတာ်။ ဒီလိုနာကျည်းမှုတွေကို တစ်ခြားတစ်နေရာရဲ့ ယှဉ်ပြိုင်မှုမှာ ယုံကြည်ချက်တစ်ခုအနေနဲ့ အသုံးချသွားမှာပါ။ ” လို့ ဝင်းဂါးက ဖြေဆည်ပြီး ပြောကြားခဲ့ပါတယ်။

အီဂါလိုရဲ့ ဒုတိယပိုင်းအရောက် သွင်းဂိုးနဲ့ ဂွီဒီယိုရာတို့ရဲ့ သွင်းဂိုးတွေကို ဆယ်မိနစ်ခြားလောက်မှာ ဂိုးပေးလိုက်ရတာက အာဆင်နယ်အသင်းကို ဖိအားများသွားစေခဲ့ပြီး ပွဲပြီးခါနီး မိနစ်ပိုင်းမှာမှ ဝဲလ်ဘတ်က ပြန်ပြီး ချေပဂိုးသွင်းယူခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေရဲ့ သုံးနှစ်ဆက် အက်ဖ်အေဖလားအိပ်မက်ကို လွဲချော်အောင်လုပ်ခဲ့တဲ့ နည်းပြ ဝင်းဂါးကိုတော့ လေ့လာသူတွေက အာစင်ဝင်းဂါးရဲ့ အာဆင်နယ်ဟာ ဖလားလက်မဲ့ရာသီတစ်ခုကို ထပ်ပြီး ဖြတ်သန်းရနိုင်တယ်လို့ ဆိုနေပါတယ်။

ဒီလိုပြောဆိုမှုတွေကိုတော့ ဝင်းဂါးက “လေ့လာသူတွေဆိုတာကတော့ ပရိသတ်မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကတော့ ရာသီမကုန်ခင်အထိ အတူတူအားပေးတိုက်ပွဲဝင်သွားမှာပါ။ ရာသီကုန်မှာ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းရခက်တဲ့ကာလရောက်နေပါတယ်။ အက်ဖ်အေဖလားမှာ ရှုံးတာနဲ့ ဆိုးရွားတဲ့ ရာသီလို့ ပြောလို့မရပါဘူး” လို့ ပြန်ပြီးချေပခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment