Powered by Blogger.

ပီအက်စ်ဂျီဂိုးအသွင်းမှာအောင်ပွဲခံခဲ့လို့ ချယ်လ်ဆီးဒု-ဥက္ကဋ္ဌဖြစ်သူနဲ့ ပြဿနာတက်ခဲ့တဲ့ ဘက်ခမ်း



ချယ်လ်ဆီးအသင်းက အိမ်ကွင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းကို ဧည့်ခံကစားခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက ပီအက်စ်ဂျီအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဒီပွဲမှာတော့ ကွင်းထဲမှာတင်မက ကွင်းပြင် ပွဲကြည့်စင်မှာပါ ပြိုင်ဆိုင်မှုက အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ပီအက်စ်ဂျီအသင်းမှာ ကာလအတော်ကြာကစားခဲ့တဲ့ David Beckham (ဒေးဗစ်ဘက်ခမ်း)ကလည်း သားဖြစ်သူ ဘရွတ်ကလင်းဘက်ခမ်းနဲ့အတူ ချယ်လ်ဆီးဒါရိုက်တာပွဲကြည့်စင်မှာ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို ပီအက်စ်ဂျီအသင်းက ရဗ်ဗျော့ရဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်လိုက်တဲ့အချိန်မှာတော့ ဘရွတ်ကလင်းဘက်ခမ်းက ထိုင်ခုံကနေ မတ်တပ်ထအောင်ပွဲခံခဲ့ပြီး ဘက်ခမ်းကတော့ လက်ခုပ်တီးပြီး အားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ Joe Hemani က လက်သီးဆုပ်ပြီး မကြည်ကြည့်ထကြည့်ခဲ့တာပါ။

ဘက်ခမ်းကတော့ ဘယ်လိုမှ မတုံ့ပြန်ခဲ့ဘဲ ဘရွတ်ကလင်းကတော့ ပြန်ပြီး ငြိမ်သွားခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာတော့ ဘက်ခမ်းတို့သားအဖ နေရာပြောင်းပြီး ကြည့်ရှုခဲ့ကြပြီး ဘာပြဿနာမှ ထပ်တက်တာမျိုးတော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment