Powered by Blogger.

အီဘရာဟီမိုဗစ်တစ်ယောက် မန်ယူအသင်းထက် အာဆင်နယ်အသင်းမှာကစားဖို့ စိတ်အားထက်သန်နေ



လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နာမည်ကျော်တိုက်စစ်မှူး Ibrahimovic (အီဘရာဟီမိုဗစ်)ဟာဆိုရင် မန်ယူအသင်းမှာ ကစားဖို့ထက် အာဆင်နယ်အသင်းမှာ ကစားဖို့ကို ပိုပြီးစိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။

အီဘရာဟီမိုဗစ်ဟာဆိုရင်တော့ ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ကို စိတ်ဝင်စားလျက်ရှိနေပြီးတော့ အမ်းမရိတ်စ်ကွင်းဟာ သူရဲ့ ကစားသမားဘဝမှာ အကစားချင်ဆုံးထဲက တစ်ခုဖြစ်တယ်လို့ ဇလာတန်ရဲ့ သူငယ်ချင်းဖြစ်သူက ပြောပြထားခဲ့ပါတယ်။

မိုဗစ်ဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းနဲ့ ပွဲမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပြီးတော့ လန်ဒန်မှာ ကစားရတာကို ကြိုက်နှစ်သက်နေပြီး မန်ချက်စတာမှာ ကစားဖို့ကိုတော့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဒါပေမယ့် မန်ယူအသင်းကို မော်ရင်ဟို အမှန်တကယ်ကိုင်တွယ်ဖြစ်ခဲ့ရင်တော့ အီဘရာဟီမိုဗစ်ကို ဆွဲဆောင်မှုတစ်ခုဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment