Powered by Blogger.

အာဆင်နယ်အတွက် ဂိုးမသွင်းနိုင်တိုင်း အိပ်မပျော်နိုင်အောင်ဖြစ်ရတယ်လို့ ဆန်းချက်ဇ်ဖွင့်ဟ



အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ ချီလီတောင်ပံကစားသမား Alexis Sanchez (အလက်ဆစ်ဆန်းချက်ဇ်)ဟာဆိုရင်တော့ အာဆင်နယ်အသင်းအတွက် ကစားခဲ့တဲ့ ပွဲတစ်ပွဲမှာ ဂိုးမသွင်းနိုင်ရင် အိပ်မပျော်ဖြစ်ခဲ့ရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဆန်းချက်ဟာဆိုရင်တော့ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ တစ်ဂိုးသာသွင်းယူထားနိုင်တာကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့လည်း အင်တာဗျူးထဲမှာ ထည့်သွင်းဖြေကြားသွားခဲ့ပါတယ်။

“ကျွန်တော် ဘာ့ကြောင့် ဂိုးမသွင်းနိုင်သလဲဆိုတာ စဉ်းစားမိတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်ရင် အသင်းအပေါ် တာဝန်မကျေဘဲ အပြစ်ရှိနေသလိုခံစားရပါတယ်။ ကျွန်တော် အိမ်ပြန်သွားတဲ့အခါမှာတော့ ဘာ့ကြောင့် ပိုကောင်းအောင်မကစားနိုင်ရတာလဲလို့ စဉ်းစားနေမိပါတယ်” လို့ အာဆင်နယ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော် ဒဏ်ရာမရခင်မှာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းအတွက် ဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းနဲ့ ကျွန်တော်အကောင်းဆုံး အသားကျအောင်ကစားနိုင်ခဲ့ပြီး အခုအချိန်မှာတော့ ကျွန်တော်အဲ့လို အနေအထားကို မရောက်သေးတဲ့ ကစားသမားတစ်ယောက်ဖြစ်နေတယ်။ ဒါက ကျွန်တော့်  အိပ်ပျက်ညတွေများအောင် ပြုစားနေတယ်” လို့ ဆန်းချက်ဇ်က ရင်ဖွင့်ခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာဆိုရင်တော့ ဟားလ်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မပါဝင်ခဲ့ဘဲ နည်းပြ ဝင်းဂါးက အနားပေးထားတာလည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment