Powered by Blogger.

နယူးကာဆယ်နည်းပြသစ်ဖြစ်လာဖို့ ရီးရဲလ်နည်းပြဟောင်း ဘင်နီတက်ဇ် ရေပန်းစားနေ



ဒီနှစ် ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးဝါးနေတဲ့ နယူးကာဆယ်အသင်းဟာ ဆိုရင်တော့ လက်ရှိနည်းပြ မက္ကလာရင်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် နာမည်ကျော်နည်းပြတစ်ယောက်ကို ရှာဖွေနေပြီး မကြာခင်အချိန်အတွင်းမှာ ရီးရဲလ်အသင်းရဲ့ နည်းပြဟောင်း Benitez (ဘင်နီတက်ဇ်) နဲ့ အနီးကပ်ဆွေးနွေးမှုတွေကို ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းရဲ့ သတင်းရင်းမြစ်တွေကတော့ လက်စတာအသင်းနဲ့ မကစားခင်မှာ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ရည်ရွယ်နေတယ်လို့ ပြောပါတယ်။

ဒီလိုသတင်းတွေဟာဆိုရင်တော့ နယူးကာဆယ်ဘုတ်အဖွဲ့နဲ့အတူ စပိန်လူမျိုးဖြစ်တဲ့ ဘင်နီတက်ဇ်တို့ဟာ တနင်္လာနေ့က နယူးယောက်မြို့မှာ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ လီချန်လေဟာဆိုရင်တော့ ရလဒ်တွေမကောင်းဖြစ်နေတဲ့ လက်ရှိ နယူးကာဆယ်နည်းပြ မက္ကလာရင်ရဲ့နေရာမှာ အခုလိုမျိုး အစဉ်အလာကြီးမားခဲ့တဲ့ နည်းပြ ဘင်နီတက်ဇ်ကို ခန့်အပ်နိုင်ဖို့ တာဝန်ပေးခံထားရတယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းဟာ နည်းပြချုပ်အနေနဲ့ ဘင်နီတက်ဇ်ကိုခန့်အပ်ပြီး ပရီးမီးယားလိဂ် လက်ကျန်ဆယ်ပွဲမှာ တန်းဆင်းဇုန်ကနေ အလွတ်ရုန်းချင်နေပြီး လာမယ့်ရာသီတွေမှာလည်း လက်စတာအသင်းလိုမျိုး အောင်မြင်မှုတွေကို ရယူသွားဖို့ အိပ်မက်မက်နေတာပါ။ နည်းပြဖြစ်လာ / မဖြစ်လာကိုတော့ ၂၄ နာရီအတွင်းမှာ သိရှိရဖွယ်လည်း ရှိနေပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment