Powered by Blogger.

ဘိုင်ယန်မြူုးနစ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ ဒေးဗစ်အလာဘာ



သြစတြီးယားအသင်းလက်ရွေးစင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ David Alaba (ဒေးဗစ်အလာဘာ) ဟာဆိုရင်တော့ ဘိုင်ယန်အသင်းမှာ ၂၀၂၁ အထိ ရှိနေမယ့် သက်တမ်းတိုးစာချုပ်ကို လက်မှတ်ထိုးဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အလာဘာဟာဆိုရင်တော့ ဘိုင်ယန်မြူးနစ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် မန်စီးတီးနဲ့ ဘာစီလိုနာတို့ရဲ့ နောက်ယောင်ခံလိုက်မှုတွေကိုလည်း ခံနေရသူဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အလာဘာကတော့ အသင်းပြောင်းဖို့ မစဉ်းစားခဲ့ဘဲနဲ့ အလိုင်းယန့်ဇ်အရီနာမှာ ၂၀၂၁ အထိရှိနေမယ့် ဆုံးဖြတ်ချက်ချလိုက်တာပါ။ အလာဘာဟာ လောလောဆယ်မှာ တစ်နှစ်ကို ယူရို ၇ သန်းအထိ လစာရရှိနေပြီး စာချုပ်သစ်မှာ လက်မှတ်ထိုးရင်တော့ တစ်နှစ်ကို ယူရို ၁၂ သန်းအထိ ရရှိသွားတော့မှာ ဖြစ်ပါတယ်။


အလာဘာဟာဆိုရင်တော့ ပြိုင်ဘက်အသင်းတွေကို ကန်ချက်ကောင်းကောင်းတွေနဲ့ ဒုက္ခပေးလေ့ရှိပြီး ဂိုးဖန်တီးမှုတွေကိုလည်း ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပြီး ပထမအကျော့မှာတော့ နှစ်ဂိုးစီသရေကျထားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : 101 Great Goals

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment