Powered by Blogger.

ရီးရဲလ်မက်ဒရစ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလိုက်ပေးပြီး ဟာဇတ်ကို ခေါ်ယူရန်ပြင်ဆင်နေ



ရီးရဲလ်မက်ဒရစ်အသင်းဟာဆိုရင်တော့ သူတို့ရဲ့ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလိုက်ပေးပြီး ချယ်လ်ဆီးအသင်းတောင်ပံကစားသမား
Hazard (ဟာဇတ်)ကို ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။

 ဒီလို ပေါင်သန်း ၇၀ တန်ကြေးရှိတဲ့ ကိုလံဘီယာစတားကို အလိုက်ပေးလာတဲ့ ကိစ္စဟာဆိုရင်တော့ ချယ်လ်ဆီးအသင်းကို ဝေခွဲရခက်သွားစေနိုင်ပြီ်း အစည်းအဝေးတစ်ခုလောက် ခေါ်ရလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဆိုရင်တော့ ရီးရဲလ်အသင်းအတွက် ခြေစွမ်းပြကစားပေးနေနိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက်ကလည်း ၂၄ နှစ်သာရှိပါသေးတယ်။ ဟာဇတ်ကတော့ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်ခြင်းခံနေရတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

မိုနာကို အသင်းကနေ ၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ ပြောင်းရွှေ့လာတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ စပိန်မြေမှာ ကစားရတာကို ပျင်းရိနေပြီး တစ်ခြား အသင့်တော်ဆုံးလိဂ်တစ်ခုကို ပြောင်းရွှေ့ချင်လျက်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်ကလည်း သူတို့ရဲ့ အဓိက ပစ်မှတ်ကစားသမားဖြစ်တဲ့ ဟာဇတ်ကို အသည်းအသန်ခေါ်ယူလိုနေတာကြောင့် အသင်းပြောင်းနေလိုတဲ့ ဂျိမ်းစ်ကိုပါ အလိုက်ပေးဖို့ အကြံရလာတာဖြစ်တယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဟာဇတ်ရဲ့ တန်ကြေးကို ပေါင်သန်း ၁၀၀ လောက်အထိ မျှော်မှန်းထားပြီး ဟာဇတ်ကို လိုင်လီအသင်းကနေ ခေါ်ယူခဲ့တုန်းက ပေါင် ၃၄ သန်းသာ ပေးချေခဲ့ရတာပါ။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment