Powered by Blogger.

အီတလီနည်းပြ ကွန်တီ ချယ်လ်ဆီးအသင်းကို ယူရိုပြိုင်ပွဲမတိုင်ခင်တည်းက ကိုင်တွယ်ဖွယ်ရှိ




အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူနေတဲ့ နည်းပြ Conte (ကွန်တီ)ဟာဆိုရင်တော့ ယူရိုပြိုင်ပွဲမတိုင်ခင်မှာ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ကွန်တီဟာ ယူရိုပြိုင်ပွဲအပြီးမှာမှ အီတလီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားမှာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ရာသီကုန်ချိန်(ယူရိုပြိုင်ပွဲစတင်ချိန်)မှာတင် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာပါ။ ကွန်တီဟာဆိုရင်တော့ အီတလီအသင်းရဲ့ ခြေစမ်းခရီးစဉ်အနေနဲ့ မေလ ၂၉ ရက်နေ့မှာ စကော့တလန်နိုင်ငံကို လာရောက်မှာဖြစ်ပြီး ကွန်တီအနေနဲ့ အင်္ဂလန်မှာ နှစ်ပတ်ကြာအချိန်ယူပြီး ချယ်လ်ဆီးရဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ့် အခြေအနေမှာ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်ကတော့ “အသင်းနဲ့ ပတ်သက်ပြီးတော့ သတင်းတွေကတော့ ထွက်နေပါတယ်။ တရားဝင်မဖြစ်သေးတဲ့ သတင်းတွေပေါ့။ ကွန်တီက အင်္ဂလန်မှာ နည်းပြဖို့ဆိုရင်အတော်လေးအချိန်ယူရမယ့် နည်းပြတစ်ယောက်ပါ” လို့ ပြောကြားခဲ့ပါတယ်။”

ကွန်တီဟာဆိုရင်တော့ အီတလီအသင်းကိုလည်း ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ယူရိုပြိုင်ပွဲအပြီးမှာမှ တရားဝင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်လည်း အီတလီနည်းပြတစ်ယောက်အနေနဲ့ အင်္ဂလန်မှာ အသားကျဖို့ အချိန်ယူရမှာဖြစ်တာကြောင့် အခုလို ယူရိုမတိုင်ခင်တည်းက ကြိုတင်ပြင်ဆင်ဖို့ ကြံရွယ်နေတာလည်း ဖြစ်ပါတယ်။

ကွန်တီကိုတော့ ချယ်လ်ဆီးအသင်းက ယာယီနည်းပြ ဂူဟစ်ဒင့်နေရာမှာ အစားထိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ကွန်တီကို အခွန်ဆောင်ပြီးတစ်နှစ်လုပ်ခ ပေါင် ၄.၇၅ သန်း ပေးချေသွားဖွယ်ရှိပြီး သုံးနှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိနေတာပါ။ ကွန်တီကတော့ သူ့အနေနဲ့ ဘယ်ကလပ်အသင်းမဆို ရွေးချယ်မှုပြုလုပ်မနေဘဲ စိန်ခေါ်တဲ့အခွင့်အရေးတွေကို ရင်ဆိုင်သွားမယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment