Powered by Blogger.

၂၀၁၆ ခုနှစ်အတွင်းမှာ ဂိုး ၁၀၀ လောက်သွင်းယူဖို့ ဆန္ဒရှိနေတဲ့ မက်ဆီ


ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကတော့ သူ့အနေနဲ့ ကစားသမားဘဝ ပထမဆုံးမှတ်တမ်းဖြစ်တဲ့ တစ်နှစ်အတွင်း စံချိန်တင်သွင်းဂိုး ၁၀၀ လောက်ကို သွင်းယူနိုင်ဖို့ မျှော်မှန်းလျက်ရှိနေတယ်လို့ သိရပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်အတွင်းကလည်း အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းတို့အတွက် စုစုပေါင်း သွင်းဂိုး ၉၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဂျာမန်ဂန္တဝင်ကစားသမား ဂတ်မူလာရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး တစ်နှစ်အတွင်း သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့တာပါ။

လီယိုကတော့ အခုအချိန်မှာ သူ့ရဲ့ စံချိန်ကို ထပ်ပြီး ချိုးဖျက်ဖို့ ဆန္ဒရှိနေပြီး ၂၀၁၆ အတွင်းမှာ ဂိုး ၁၀၀ လောက်အထိ သွင်းယူဖို့ မျှော်မှန်းထားတာပါ။ မက်ဆီဟာ ဂီတာဖေးကို အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီချော်ခဲ့ပေမယ့်လည်း သူ့ရဲ့၂၀၁၆ ခုနှစ်အတွင်းသွင်းဂိုးဟာ ၂၃ ဂိုးအထိရှိလာခဲ့ပါပြီ။ ၂၀၁၄ ခုနှစ်တုန်းကတော့ ဒီလိုအချိန်မှာ မက်ဆီရဲ့ သွင်းဂိုးက ၂၁ ဂိုးသာရှိသေးတာဖြစ်ပါတယ်။

ဒီလိုမျိုး မက်ဆီရဲ့ ပေါက်ကွဲအားပြင်းထန်နေမှုဟာဆိုရင်တော့ ဒီနေ့ညမှာ ကစားမယ့် အာဆင်နယ်အသင်းကို ဒုက္ခပေးနိုင်တယ်လို့ ဘာကာအရန်ဂိုးသမား တာစတီဂန်ကပြောပါတယ်။ မက်ဆီဟာဆိုရင်တော့ လိုအပ်တဲ့နေရာကနေ ဘောလုံးကို ဂိုးထဲရောက်အောင်သွင်းယူနိုင်တဲ့ ကစားသမားဖြစ်ပြီး အာဆင်နယ်အသင်းက ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့ကလည်း လျှော့တွက်လို့ရတဲ့ကစားသမားတွေ မဟုတ်ကြောင်းကိုလည်း တာစတီဂန်က ပြောကြားခဲ့ပါတယ်။



ဒီနေ့ညမှာတော့ ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်အသင်းတို့က ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ကစားသွားကြတော့မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment