Powered by Blogger.

ပထမပိုင်းအပြီးမှာတင် ဒီမာရီယာနဲ့ အကျီ င်္ချင်းလဲခဲ့တဲ့ ဟာဇတ်ကို ချယ်လ်ဆီးပရိသတ်များ ဒေါကန်နေ



မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အစဉ်အလာ အသာမရခဲ့တဲ့ ပြိုင်ဘက် ပီအက်စ်ဂျီအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ကတော့ ဒီပွဲမှာ အထူးခြေစွမ်းပြသွားခဲ့ပြီး တစ်ဂိုးသွင်းယူခဲ့တဲ့အပြင် အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။

ဒီပွဲမှာတော့ ချယ်လ်ဆီးတောင်ပံကစားသမား အီဒင်ဟာဇတ်ဟာ သူ့ရဲ့ အပြုအမူတွေကြောင့် ပရိသတ်ရဲ့ အော်ဟစ်လှောင်ပြောင်မှုကိုခံခဲ့ရပါတယ်။ ဟာဇတ်ဟာဆိုရင်တော့ ဒီပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ နောက်ပိုင်းမှာတော့ လူစားလဲခံခဲ့ရပါတယ်။



ချယ်လ်ဆီးအသင်းမှာ တစ်ပတ်ကို ပေါင်နှစ်သိန်းရရှိနေတဲ့ ဟာဇတ်ဟာ ပထမပိုင်းပြီးတဲ့အချိန်မှာတင် ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာနဲ့ အကျီ င်္ချင်းလဲခဲ့တာကြောင့် ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ တခြားဘောလုံးနယ်ပယ်က ပုဂ္ဂိုလ်အမြောက်အမြားရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပါတယ်။

“ ပွဲပြီးမှ အကျီ င်္လဲတာ အကြောင်းမဟုတ်ပေမယ့် ပထမပိုင်းအပြီးမှာတင် အကျီ င်္လဲခဲ့တာကတော့ ကျွန်တော့်ကို ရှော့ခ်ရစေတယ်” လို့ ဘောလုံးသုံးသပ်သူတစ်ယောက်ဖြစ်တဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကဝေဖန်ခဲ့ပါတယ်။


ဒါပေမယ့်လည်း ချယ်လ်ဆီးနည်းပြ ဟစ်ဒင့်ကတော့ ဟာဇတ်ဘက်ကနေ “ပရိသတ်တွေရဲ့ အတွေးဘက်ကနေဆိုရင်တော့ အော်ဟစ်လှောင်ပြောင်သင့်ပါတယ်။ ဟာဇတ်မှာ တင်ပါးဆုံဒဏ်ရာရှိနေတာကြောင့် အကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။ ဒီလိုမျိုး ပထမပိုင်းအပြီးမှာ အကျီ င်္လဲလိုက်တာကလည်း တစ်ခြားနိုင်ငံတွေရဲ့ ဓလေ့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကို အထူးအထွေလုပ်ပြီး ချဲ့ကားနေစရာမလိုဘူး ထင်ပါတယ်” လို့ ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

ကွင်းတွင်းမှာ ခြေစွမ်းမပြနိုင်တဲ့အပြင် အခုလို ပထမပိုင်းမှာတင် အသင်းအကျီ င်္ချင်းလဲခဲ့တာကြောင့် “အသင်းမှာ ဆက်မကြိုးစားချင်ရင်ထွက်သွားပါ။” “ ပီအက်စ်ဂျီကို တအားသွားချင်နေတယ်ပေါ့” အစရှိသဖြင့် ချယ်လ်ဆီးအသင်းပရိသတ်တွေရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထာခဲ့ကြပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment