Powered by Blogger.

ချန်ပီယံလိဂ် ၆၁ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုး ၉၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် ရော်နယ်ဒို မှတ်တမ်းဝင်



ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး Ronaldo (စီရော်နယ်ဒို)ဟာဆိုရင်တော့ ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ရော်နယ်ဒိုဟာ စုစုပေါင်း ချန်ပီယံလိဂ် ၁၂၇ ပွဲကစားခဲပြီး မတူညီတဲ့ ချန်ပီယံလိဂ် ၆၁ ပွဲမှာ ဂိုးသွင်းနိုင်ပြီး ချန်ပီယံလိဂ် စုစုပေါင်း သွင်းဂိုး ဂိုး ၉၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂန္တဝင်ကစားသမား အတော်များများဟာဆိုရင်တော့ သူတို့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ရော်နယ်ဒိုလိုမျိုး မတူညီတဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်တာရှားပါးခဲ့ပြီး ရီးရဲလ်ရဲ့ ဂန္တဝင်တိုက်စစ်မှူး ရာအူးလ်သာ ၅၆ ပွဲနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ရော်နယ်ဒိုရဲ့ အဓိက ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ မက်ဆီဟာဆိုရင်တော့ ချန်ပီယံလိဂ် ၅၁ ပွဲမှာသာ ဂိုးသွင်းနိုင်သေးပြီး မန်ယူအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ နစ္စတယ်ရွိုင်းက ၄၂ ပွဲနဲ့ စတုတ္ထနေရမှာ ရပ်တည်လျက်ရှိပါတယ်။

ဒီလိုမှတ်တမ်းတွေကြောင့် ရော်နယ်ဒိုဟာ ဥရောပမှာ ကောင်းသထက်ပိုကောင်းလာခဲ့ပြီး ရော်နယ်ဒိုရဲ့ ဒီရာသီချန်ပီယံလိဂ်သွင်းဂိုးဟာ ၁၃ ဂိုးအထိရှိနေပြီဖြစ်ပါတယ်။ ဒီရာသီချန်ပီယံလိဂ်ရဲ့ အသင်းလိုက်ဂိုးသွင်းနိုင်မှု အကြိမ်ရေကို ရော်နယ်ဒိုရဲ့ ဒီရာသီချန်ပီယံလိဂ်ဂိုးသွင်းနှုန်းနဲ့ ချိန်ထိုးကြည့်လိုက်တဲ့ အချိန်မှာတော့ ရီးရဲလ် ၊ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ ၊ မန်စီးတီး ၊ ချယ်လ်ဆီး ၊ ပီအက်စ်ဂျီတို့ ခြောက်သင်းသာ ရော်နယ်ဒိုရဲ့ အထက်မှာရှိနေပြီး ကျန်တဲ့ ၂၆ သင်းဟာဆိုရင်တော့ ရော်နယ်ဒို တစ်ဦးတည်းရဲ့ ဂိုးသွင်းနှုန်းကိုတောင် မမှီခဲ့ဘူးလို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment