Powered by Blogger.

ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်း လျှို့ဝှက်တွေ့ဆုံပြီးနောက်ပိုင်း ဒေါ့မွန်ကွင်းလယ်လူ ဂန်ဒိုဂန်ကို မန်စီးတီးအသင်း ကြိုးပမ်းလာ



နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ မန်စီးတီးအသင်းရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သူ ဘီဂရီစတိန်းနဲ့ မန်စီးတီးနည်းပြသစ် ဖြစ်လာမယ့် Guardiola (ဂွာဒီယိုလာ) တို့ဟာ လျှို့ဝှက်တွေ့ဆုံမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ဟာ ရောက်ရှိလာတော့မယ့် နောက်ထပ်ရာသီသစ်အတွက် ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြပြီး နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေအတွက်ပါ ဆွေးနွေးခဲ့ကြဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ ဒေါ့မွန်ကွင်းလယ်စတား Ilkay Gundogan (အယ်လ်ကေး ဂန်ဒိုဂန်) ရဲ့ ဦးလေးဖြစ်သူ အေးဂျင့်ပါ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို လက်ရှိကာလမှာ ကိုင်တွယ်နေတဲ့ ဂွာဒီယိုလာဟာဆိုရင်တော့ သူ့ရဲ့ အကောင်းဆုံး ကစားကွက်တစ်ခုကို မန်စီးတီးအသင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး သုံးနှစ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာအောင် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ မက်ဆီ ၊ ပေါ့ဂ်ဘာ ၊ ဂျွန်စတုန်းနဲ့ လာပေါ်တီတို့ကို နွေရာသီမှာခေါ်ယူဖို့ ကြံရွယ်နေပြီး အခုဆိုရင်တော့ ဂန်ဒိုဂန်ကလည်း တစ်ယောက်အပါအဝင်ဖြစ်လာခဲ့တာပါ။

ဒီရဲ့ ဂျာမန်လက်ရွေးစင်ကစားသမားကိုတော့ ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း ပေါင်သန်းသုံးဆယ် ပတ်ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး မန်စီးတီးအသင်းကလည်း လာမယ့် နွေရာသီမှာ ဧရာမငွေပမာဏကို အသုံးပြုလာပြီး အပြိုင်ခေါ်ယူသွားဖွယ်ရှိနေတာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. သစ်ထူးလွင်စကထဲကအားပေးလာသူပါဗျ...ကျမ်းမာရေးဘက်မှာcommentပေးလို့ရပီး...နိုင်ငံရေးသတင်းဘက်မှာcommentပေးလို့မရတာသစ်ထူးလွင်ရဲ့..မလွတ်လပ်သေးတဲ့ဒီမိုကရေစီ...အာဏာရူးတွေရှိနေသေးလို့လားဗျာ..comment..မြန်မြန်ဖွင့်ပေးပါ...ရေးထားတာတော့..မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။...တဲ့လေဗျာ..အကောင့်တခုလုပ်ပီးကိုကိုယ်တိုင်စမ်းသပ်ကြည့်ပါအုံး...သစ်ထူးလွင်ရေ...

    ReplyDelete