Powered by Blogger.

မန်ယူရဲ့ အိုးထရက်ဖို့ဒ်ကို ကစားကွက်အောက်မှာ တိတ်ဆိတ်စေမယ်လို့ ကလော့ပ်ပြောကြား


လီဗာပူးလ်နည်းပြ Jurgen Klopp (ယာဂန်ကလော့ပ်) ကတော့ မန်ယူအသင်းနဲ့ကစားရမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာတော့ အိုးထရက်ဖို့ဒ်ကွင်းထဲက မန်ယူပရိသတ်တွေရဲ့ အမုန်းကိုခံယူသွားမယ်လို့ ပြောပါတယ်။ မန်ယူကွင်းမှာ သွားကစားရမှာဆိုပေမယ့်လည်း သူတို့အသင်းအနေနဲ့ ကြောက်ရွံ့မှုတစ်စုံတစ်ရာရှိနေမှာ မဟုတ်ဘဲ ယုံကြည်မှုအပြည့်နဲ့ ကစားသွားမယ်လို့ ဆိုပါတယ်။

မန်ယူအသင်းဟာဆိုရင်တော့ သူတို့ရဲ့ ပရိသတ်တွေဟာ မန်ယူအသင်းကို အကောင်းဆုံးအားပေးမှုတွေ ပြုလုပ်မယ်လို့ ယုံကြည်လျက်ရှိနေပြီး ကြိုးကြာနီတို့ရဲ့ အိပ်မက်ဆိုးသတ်ကွင်းဖြစ်အောင် အိုးထရက်ဖို့ဒ်ကို ဖန်ဆင်းနိုင်မယ်လို့ ထင်နေတာပါ။

ဒါပေမယ့်လည်း ကလော့ပ်ကတော့ “ကျွန်တော်တို့အတွက်တော့ အိုးထရက်ဖို့ဒ်က နေရာကောင်းပါပဲ။ လူတိုင်းက ဒီနေရာကို မုန်းနေတာတောင် ကျွန်တော်ကတော့ ကြိုက်တယ်။ ဘာပြဿနာမှမရှိဘူး။ သူတို့ရဲ့ အားပေးမှုက ကျယ်လောက်မယ်။ ဒါပေမယ့်လည်း ဒါက ပြဿနာမရှိပါဘူး။

သူတို့က အင်္ဂလိပ်လိုလည်း သီချင်းတွေဆိုသေးတယ်။ ကျွန်တော် နားမလည်ပေမယ့် သဘောကျတယ်”  လို့ ပြောပါတယ်။
“ကျွန်တော်တို့က ပထမအကျော့မှာ မတူတဲ့ပုံစံနဲ့ ကစားသွားမှာပါ။ ဒါမှန်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ် ၃၀၀၀ လောက်လည်း ဒီပွဲမှာ လာရောက်အားပေးမှာပါ။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသသွားအုံးမှာပါ။ ကျွန်တော်တို့ ကစားနိုင်သလောက် အကောင်းဆုံးကစားပြီး ရလာတဲ့ အခွင့်အရေးကို အသုံးချသွားမှာပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ အနေနဲ့ ဘောလုံးကို ဘယ်လိုကောင်းမွန်အောင် ကစားနိုင်မယ်ဆိုတာကို သိခဲ့ပါပြီ။ ” လို့ ကလော့ပ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror






Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment