Powered by Blogger.

အဲဗာတန်တိုက်စစ်မှူး လူကာကူကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ရီးရဲလ်ပြင်ဆင်



ရီးရဲလ်မက်ဒရစ်အသင်းဟာဆိုရင်တော့ အဲဗာတန်အသင်းရဲ့ အဓိကတိုက်စစ်မှူး Lukaku (လူကာကူ)ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ လောက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားတစ်ယောက်လည်း ဖြစ်တဲ့ လူကာကူဟာဆိုရင်တော့ ဒီရာသီမှာ အဲဗာတန်အသင်းအတွက် ၃၇ ပွဲကစားထားပြီး ၂၅ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ရိုမီလူ လူကာကူရဲ့ အေးဂျင့်ဖြစ်သူ ရေအိုလာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ ကြားမှာ တိတ်တဆိတ်ဆွေးနွေးမှုတွေကို ပြုလုပ်လျက်ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ လူကာကူဟာဆိုရင်တော့ အဲဗာတန်အသင်းမှာကစားရတာကို ပျော်ရွှင်နေပေမယ့်လည်း သူ့ခြေစွမ်းကို ချန်ပီယံလိဂ်လိုမျိုး အဆင့်အတန်းမြင့်မြင့် လိဂ်ပွဲတွေမှာလည်း ပြသချင်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းကတော့ ဒီလိုကမ်းလှမ်းမှုတွေကို ငြင်းပယ်ဖို့ရှိနေပါတယ်။ အဲဗာတန်အသင်းဟာ လူကာကူကို ပြီးခဲ့တဲ့နှစ်နှစ်တုန်းက ပေါင် ၂၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုလိုရီးရဲလ်အသင်းက မူရင်းပြောင်းရွှေ့ကြေးရဲ့ နှစ်ဆကို ထပ်တိုးခေါ်ယူမှုကိုတော့ လူကာကူက ဝမ်းသာလျက်ရှိတယ်လို့ သိရပါတယ်။

ရီးရဲလ်အသင်းရဲ့ ဘောလုံးကင်းထောက်တွေကလည်း လူကာကူရဲ့ ခြေစွမ်းကို လာရောက်လေ့လာခဲ့ကြပြီး ပြောင်းရွှေ့ကြေးအပြင် ကစားသမားတစ်ယောက်ကိုလည်း အလိုက်ပေးသွားဖို့ ရီးရဲလ်က စီစဉ်လျက်ရှိနေပါတယ်။ မက်ဒရစ်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဖလော်ရင်တီနိုပီရက်ဇ်ကလည်း ရီးရဲလ်အသင်းရဲ့ လက်ရှိတိုက်စစ်မှူးဖြစ်တဲ့  ဘန်ဇီမာနေရာကို အစားထိုးနိုင်ဖို့ လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment