Powered by Blogger.

အီဘရာဟီမိုဗစ် ၊ ပေါ့ဂ်ဘာ ၊ ဟီဂူအင်နဲ့ တိုနီကရူးစ်တို့ကို အာဆင်နယ်အသင်းခေါ်ယူမည်


ဆောင်းအပြောင်းအရွှေ့တုန်းကတော့ ကစားသမားတွေ  အမှန်အကန် ခေါ်မလို ၊ ခေါ်မလိုနဲ့ အယ်နန်နီတစ်ယောက်ပဲ ခေါ်ယူပြီး ကျေနပ်လိုက်ရတဲ့ အာဆင်နယ်အသင်းကတော့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါပြီ။

အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာဆိုရင် အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးကို အပြောင်းအရွှေ့မှာ ငွေများများအသုံးပြုဖို့အတွက်  တွန်းအားပေးသွားဖွယ်ရှိနေပြီး ဈေးကွက်အတွင်းမှာ မွှေနှောက်နိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဖလားလက်မဲ့အဖြစ် ဒီရာသီကို ဖြတ်သန်းရဖွယ်ရှိတဲ့ အာဆင်နယ်အသင်းဟာဆိုရင်တော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားစာရင်းတစ်ခုကို ပုံဖော်နေလိုပြီး အနာဂတ်လှုပ်ခတ်နေတဲ့ ကစားသမားတွေဖြစ်ကြတဲ့ အီဘရာဟီမိုဗစ် ၊ ပေါ့ဂ်ဘာ ၊ ဟီဂူအင်နဲ့ တိုနီကရူးစ်တို့ကို ပစ်မှတ်ထားလျက်ရှိနေတာဖြစ်ပါတယ်။

ဒီကစားသမားလေးယောက်အတွက်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၁၆၀ လောက်အထိ အသုံးပြုရဖွယ်ရှိနေပါတယ်။ ဒီလိုမျိုးကစားသမားသစ်အားဖြည့်မှုတွေကို ပြုလုပ်သွားမယ်ဆိုပေမယ့်လည်း အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အိုဇေးလ်ကို လက်လွတ်ရဖွယ်လည်း ရှိနေပါတယ်။ အာဆင်နယ်အသင်းက အိုဇေးလ်ကို အသင်းမှာဆက်ရှိနေဖို့ မျှော်လင့်နေပြီး အာစင်ဝင်းဂါးသာ ဆက်ရှိနေမယ်ဆိုရင်တော့ အိုဇေးလ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်သွားနိုင်တယ်လို့လည်း သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : espn










Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment