Powered by Blogger.

ပီအက်စ်ဂျီအသင်းက လီဗာပူးလ်တိုက်စစ်မှူးစတာရစ်ခ်ျကို ပေါင်သန်းငါးဆယ်ဖြင့် ခေါ်ယူရန် ကြိုးပမ်း



ပြင်သစ်လီဂူးချန်ပီယံအဖြစ် စောစောစီးစီးရပ်တည်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းကတော့ သူတို့အသင်းရဲ့ အနာဂတ်ပိုင်းဆိုင်ရာ အစီအစဉ်တွေကို စတင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အီဘရာဟီမိုဗစ်ကို လာမယ့်ရာသီမှာ လက်လွတ်ရဖို့ သေချာသလောက်ရှိနေတာကြောင့် ခြေစွမ်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ကို အဓိက ပြင်ဆင်နေပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အက်ဒီဆင်ကာဗာနီကလည်း နောက်ရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ရှိနေတာကြောင့် ခြေစွမ်းပြနေတဲ့ လီဗာပူးလ်တိုက်စစ်မှူး Sturridge (စတာရစ်ခ်ျ)ကို မျက်စိကျလာတာဖြစ်ပါတယ်။ စတာရစ်ခ်ျဟာဆိုရင်တော့ ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲလိုလို ကြုံတွေ့နေရတဲ့ တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။

ပြင်သစ်ကလပ်ရဲ့ ဘောလုံးကိုယ်စားလှယ်အဖွဲ့တွေဟာဆိုရင်တော့ အခုအချိန်မှာ လန်ဒန်မြို့ကို ရောက်ရှိနေပြီး နယ်သာလန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အပြီးမှာ စတာရစ်ခ်ျနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စတာရစ်ခ်ျဟာဆိုရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်းက လီဗာပူးလ်အသင်းနဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းခွဲနဲ့ ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကတော့ စတာရစ်ခ်ျကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : AFP


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment