Powered by Blogger.

ထရမ့်တာဝါ အပေါ်ဆုံးဇိမ်ခံအထပ်ကို ရော်နယ်ဒို ဝယ်ယူပြီး လိင်တူချစ်သူလို့ နာမည်ထွက်နေတဲ့ လက်ဝှေ့သမားကို လက်ဆောင်ပေးခဲ့



ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ Ronaldo (ရော်နယ်ဒို)ကတော့ သူ့ရဲ့ လိင်တူချစ်သူလို့ နာမည်ထွက်နေတဲ့ မော်ရိုကို ကစ်ဘောက်ဆာသမား ဘဒါဟာရီအတွက် နယူးယောက်မြို့ရဲ့ မန်ဟက်တန်မှာရှိတဲ့ ထရမ့်တာဝါရဲ့ အပေါ်ဆုံး ဇိမ်ခံအထပ်ကို ဝယ်ယူပြီး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာဆိုရင်တော့ သူ့ရဲ့ ဒီလက်ဝှေ့သမားကို တွေ့ဆုံဖို့လည်း မော်ရိုကိုနိုင်ငံကို မကြာခဏသွားရောက်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီရဲ့ နာမည်ကြီး ထရမ့်တာဝါရဲ့ အပေါ်ဆုံး ဇိမ်ခံအထပ်အတွက် ပေါင် ၁၁.၈ သန်းပေးချေခဲ့ရပြီး သူ့ရဲ့ ကစ်ဘောက်ဆာလက်ဝှေ့သမားကို လက်ဆောင်အဖြစ်ပေးခဲ့တာပါ။

ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ဒီနေရာအတွက် တရားခွင်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အီတလီလုပ်ငန်းစုတွေနဲ့ ပြဿနာဖြစ်ပွားနေတဲ့ ရော်နယ်ဒိုဟာ ပေါင် ၇.၈ သန်းတန်ကြေးရှိတဲ့ အသရေဖျက်မှု အမှုတွဲကို ဆက်လက်တရားစွဲဆို ခံထားရဆဲဖြစ်ပြီး နောက်ဆုံးဝယ်ယူထားတဲ့ ထရမ့်တာဝါက အပေါ်ဆုံး ဇိမ်ခံအထပ်ကိုပါ ထည့်သွင်းတရားစွဲဆိုထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ကိုယ်စားလှယ်ဖြစ်သူတွေကတော့ အီတလီတရားခုံရုံးမှာ စတင် တရားရင်ဆိုင်နေပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။  ဒါပေမယ့်လည်း အီတလီလုပ်ငန်းစုကတော့ ရော်နယ်ဒိုရဲ့ နောက်ဆုံးပိုင်ဆိုင်မှုကိုလည်း မှားယွင်းတရားစွဲဆိုထားခဲ့လို့ ရော်နယ်ဒိုက အဲ့ဒီအတွက်ပါ အမှုရင်ဆိုင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment