အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်တဲ့ Sanchez ဆန်းချက်ဟာဆိုရင်တော့ အာဆင်နယ်အသင်းသားတွေရဲ့ တစ်ဦးစီယုံကြည်မှု ပျောက်ဆုံးနေတဲ့ အခြေအနေတွေက ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းပေါ်ကနေ သွေဖယ်သွားနိုင်တဲ့ အခြေအနေကို တွန်းပို့နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဇယားထိပ်ဆုံးက လက်စတာအသင်းဟာဆိုရင်တော့ ဝက်စ်ဘရွန်းအသင်းနဲ့ သရေကျခဲ့ပေမယ့်လည်း အာဆင်နယ်နဲ့ စပါးအသင်းတို့ရဲ့ ခြေချော်မှုတွေက လက်စတာအသင်းကို ဇယားထိပ်မှာပဲ ဆက်လက်ရပ်တည်စေခဲ့ပါတယ်။ ဒီလိုအရှုံးကြောင့် အာဆင်နယ်အသင်းဟာ လက်စတာအသင်းနဲ့ ခြောက်မှတ်အထိကွာဟသွားခဲ့ပြီး အဆင့် ၃ နေရာမှာ ရပ်တည်လျက်ရှိနေခဲ့ရပါတယ်။
ဂျိုယယ်လ်ကမ်းဘဲလ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့်လည်း ရောက်တ်လေ့ဂ်ျနဲ့ ဝီလီယံတို့က ဆွမ်ဆီးအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်လည်သွင်းယူသွားခဲ့တာပါ။
“ကျွန်တော်တို့ ကွင်းထဲကိုဝင်တာနဲ့ ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိပြီး အောင်မြင်မှုကို ဆာလေက်နေရပါလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ပရီးမီးယားလိဂ်ရော ၊ ချန်ပီယံလိဂ်မှာပါ ချန်ပီယံဖြစ်နိုင်ပါလိမ့်မယ်။ ”
“ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ သူတို့နဲ့ နေ့တိုင်းလေ့ကျင့်နေရပြီး သူတို့မှာ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ အနိုင်ကစားနိုင်ဖို့ကို ဆုံးဖြတ်ထားပြီးတဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ခါတစ်လေမှာ နိုင်လိုစိတ်ဆာလောင်မှုက မရှိသလောက်ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဆွမ်ဆီးနဲ့ပွဲမှာ တစ်ဂိုးနဲ့ ဦးဆောင်နေနိုင်တာလေ။ နိုင်လိုစိတ်ပျောက်ဆုံးနေတော့ တစ်ဂိုး ဂိုးမရှိနဲ့ နိုင်ရမယ့်ပွဲက ဖြစ်မလာတော့ဘူးပေါ့” လို့ ဆန်းချက်က ပြောပါတယ်။
အလက်ဆစ်ဆန်းချက်ဟာဆိုရင်တော့ ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ကန်ချက်တွေ တိုင်မှန် ၊ ဘားထိဖြစ်ခဲ့ပြီး ကမ်းဘဲလ်ရဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : SkySports
0 comments :
Post a Comment