မန်စီးတီးအသင်းရဲ့ နူအာကို ခေါ်ယူမယ့် အစီအစဉ်ကြောင့် ဂိုးသမား ဂျိုးဟတ်အနာဂတ်မရေရာဖြစ်လာ
မန်စီးတီးအသင်းဟာဆိုရင်တော့ လာမယ့်အပြောင်းအရွှေ့တွေမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား မန်နျူရယ်နူအာကို ခေါ်ယူသွားမယ်ဆိုတဲ့ အစီအစဉ်ကြောင့် လက်ရှိမန်စီးတီးဂိုးသမား ဂျိုးဟတ်ရဲ့ အနာဂတ်ဟာ မရေရာဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းနည်းပြဖြစ်လာမယ့် ဂွာဒီယိုလာဟာဆိုရင်တော့ လက်ရှိမန်စီးတီးအသင်းရဲ့ ဂိုးသမားအခြေအနေကို အားမရဖြစ်နေပြီး သူ့ရဲ့အဓိကပစ်မှတ်ဟာလည်း ဂိုးသမားနူအာဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။
အင်္ဂလန်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားတစ်ယောက်ဖြစ်တဲ့ ဂျိုးဟတ်ဟာဆိုရင်တော့ ဒီလိုအခြေအနေတွေကြောင့် နည်းပြသစ်လက်ထက်မှာ ပထမဦးစားပေး ဂိုးသမားဖြစ်လာနိုင်ဖို့ မရေရာဖြစ်နေခဲ့ပြီး ဂျာမန်လက်ရွေးစင်ဂိုးသမားကို အသင်းက မျက်စိကျလျက်ရှိနေတယ်လို့လည်းသိရပါတယ်။ ဂျိုးဟတ်ဟာဆိုရင်တော့ ကတ်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ခွင့်မရခဲ့ဘဲ အရန်ဂိုးသမား ကာဘယ်လာရိုရဲ့ လက်စွမ်းပြနိုင်မှုတွေကြောင့်သာ မန်စီးတီအသင်းဟာ ဖလားဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီတစ်ပတ်လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဂျိုးဟတ် ပြန်လည် ကစားခွင့်ရခဲ့ပေမယ့်လည်း လက်စွမ်းမပြသနိုင်ခဲ့ဘဲ ပြိုင်ဘက်ကို သုံးဂိုးအထိ ဂိုးပေးခဲ့ရပါတယ်။ နူအာဟာဆိုရင်လည်း အင်္ဂလန်ကို လာကစားဖို့ မသေချာသေးဘဲနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သုံးနှစ်စာချုပ်ကျန်ရှိနေပါသေးတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း သူ့ကို ရောင်းချလိုခြင်းမရှိဘဲနဲ့ ဂိုးသမား တစ်ယောက်ရဲ့ အမြင့်ဆုံးလစာငွေဖြစ်တဲ့ တစ်ပတ်ကို ပေါင်သုံးသိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
မန်စီးတီးအသင်းကတော့ နူအာကို ဒီလိုမြင့်မားတဲ့လစာငွေပေးချေနိုင်မလား မသိရသေးဘဲ နည်းပြ ဂွာဒီယိုလာက ဂိုးသမားဂျိုးဟတ်ကို ကြိုက်/မကြိုက် စောင့်ကြည့်သွားဖို့ စီစဉ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment