Powered by Blogger.

ဂိုးကံခေခဲ့တဲ့ အာဆင်နယ်နဲ့ စပါးတို့ ရှုံးပွဲကြုံခဲ့ပြီး မန်ယူနဲ့ လီဗာပူးလ်တို့ နိုင်ပွဲကိုယ်စီရခဲ့




မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အာဆင်နယ်အသင်းက ဆွမ်ဆီးအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လျှော့သင့်တဲ့ အခြေအနေကို ရောက်ရှိသွားပြီလို့ နည်းပြ အာစင်ဝင်းဂါးက ဝန်ခံလိုက်ပါတယ်။


အာဆင်နယ်အသင်းဟာဆိုရင်တော့ ဇယားထိပ်ဆုံးက လက်စတာအသင်းနဲ့ ခြောက်မှတ်ကွာဟသွားခဲ့ပါပြီ။ အမှတ်ပေးဇယား ဒုတိယနေရာက စပါးအသင်းကတော့ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ခြေစွမ်းပြန်ကောင်းလာတဲ့ မန်ယူအသင်းကတော့ မာတာရဲ့ ဖရီးကစ်ကန်ချက်နဲ့ အိမ်ကွင်းမှာ ဂိုးရယူနိုင်ခဲ့ပြီး လီဗာပူးလ်ကတော့ မန်စီးတီးအသင်းကို လိဂ်ဖလားရှုံးကြွေးပြန်ဆပ်ခဲ့ပြီး အန်ဖီးလ်မှာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။




အာဆင်နယ် ၁-၂ ဆွမ်ဆီး

အာဆင်နယ်နောက်တန်းကတော့ ယိုယွင်းနေတဲ့ ကစားပုံကို လေးပွဲဆက်တိုက် ပြသခဲ့တာကို တွေ့ရပါတယ်။ တိုက်စစ်ကလည်း ဂိုးသွင်းခွင့်အတော်များများရခဲ့ပေမယ့် တိုင်မှန်လိုက် ၊ ဘားထိလိုက် ဖြစ်နေတာက အာဆင်နယ်ကို နိုင်ပွဲဝေးစေခဲ့တာပါ။ အာစင်ဝင်းဂါးရဲ့ ပွဲထုတ်ပုံကတော့ တိကျခဲ့ပြီး ပြောစရာရှိတာကတော့ နောက်တန်းလောက်ပဲရှိခဲ့ပါတယ်။ မာတီဆက်ကာနဲ့ ကိုစီယယ်လ်နီတို့ အတွဲတုန်းက နောက်တန်းက ကစားပုံမဆိုးပေမယ့် ဂါဘရီယယ်လ်ကို ပွဲထုတ်တဲ့ ပွဲတိုင်းမှာ နောက်တန်းက အတော်လေးညံ့တာကို တွေ့ရပါတယ်။

ပွဲချိန် ဆယ်မိနစ်မှာတော့ ဆန်းချက်ရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့ပါတယ်။ပွဲချိန် ၁၅ မိနစ်မှာတော့ ဂျိုယယ်လ်ကမ်းဘဲလ်က ဆန်းချက်ရဲ့ ဖန်တီးပေးမှုကနေပြီး ဦးဆောင်ဂိုးကို လှလှပပ အဆုံးသတ်ပေးခဲ့ပါတယ်။ ပွဲချိန် ၃၂ မိနစ်အရောက်မှာ အာဆင်နယ်နောက်တန်း အငိုက်မိနေရာကနေပြီး ရောက်ဒ်လေ့ဂ်ျက ဆွမ်ဆီးအသင်းအတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ မိနစ်လေးဆယ်မှာတော့ ရမ်ဆေးရဲ့ ဖြတ်တင်ဘောကို မာတီဆက်ကာ အနီးကပ်ခေါင်းတိုက်ချပေးခဲ့ပြီး ဂီရော့ဒ်က မြေမကျ အပိုင်ကန်ခွင့်ရခဲ့ပေမယ့်လည်း ဘားတန်းထိသွားခဲ့ပါတယ်။ ဆန်းချက်ရဲ့ ၆၉ မိနစ် ပြစ်ဒဏ်ဘောကလည်း ဘားတန်းထိထွက်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ ဆွမ်ဆီးအသင်းခေါင်းဆောင် ဝီလီယံက ဒေါင့်ကန်ဘောကနေ အနီးကပ်ခေါင်းတိုက်ခဲ့ပြီး လက်ကျန်ပွဲချိန်မှာ ရလဒ်ပြောင်းလဲမှု မရှိတာကြောင့် အာဆင်နယ်တို့ အိမ်ကွင်း ရှုံးပွဲကြုံခဲ့ရပါတယ်။

 



လီဗာပူးလ် ၃-၀ မန်စီးတီး

လီဗာပူးလ်အသင်းကတော့ လိဂ်ဖလားရှုံးကြွေးကို အိမ်ကွင်းမှာ သုံးဂိုးပြန်ဘွတ်ပြီး မန်စီးတီးကို ပညာပြန်ပေးခဲ့ပါတယ်။ နှစ်ကျော့စလုံးမှာ လီဗာပူးလ်အသင်းက မန်စီးတီးကို အနိုင်ကစားပြနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ စတာရစ်ခ်ျမပါခဲ့ဘဲ လယ်လာနာ ၊ မီလ်နာ ၊ ဖာမီနို ၊ အော်ရီဂီတို့နဲ့အတူ ကလော့ပ်က လီဗာပူးလ်တိုက်စစ်ကို ပုံဖော်ခဲ့တယ်။ လယ်လာနာ ၊ မီလ်နာ ကွင်းလယ်အတွဲကတော့ အတော်လေး လုပ်အားနှုန်းကောင်းခဲ့ပြီး လီဗာပူးလ်အတွက် Must-Win ပုံစံမျိုး ပေးဆပ်ကစားသွားတာကို တွေ့ရပါတယ်။


 အော်ရီဂီကတော့ ကော်တင်ဟို ကစားသလို မကစားနိုင်ခဲ့ဘဲနဲ့ တောင်ပံထွက်ထွက်နေတာကတော့ တိုက်စစ်ချိတ် ပြတ်သလိုဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာတော့ လယ်လာနာက ဧရိယာအပြင်ကနေ အပြင်းကန်သွင်းခဲ့ပြီး လီဗာပူးလ်အတွက် ဦးဆောင်ဂိုးရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။



မီလ်နာကလည်း ကလိုင်းရဲ့ ပေးပို့မှုကနေ အနီးကပ်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ကြိုးကြာနီတို့ နှစ်ဂိုး ဂိုးမရှိနဲ့ အသာရထားခဲ့ပါတယ်။ ဖာမီနိုကတော့ ၅၇ မိနစ်မှာ လယ်လာနာရဲ့ ပေးပို့မှုကနေ အနီးကပ်သွင်းယူခဲ့တာကြောင့် သုံးဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်တို့ အဆင့်ရှစ်နေရာကို တက်လှမ်းလာခဲ့ပါတယ်။

 






မန်ယူ ၁-၀ ဝက်ဖို့ဒ်

မန်ယူအသင်းကတော့ ရက်ရှ်ဖို့ဒ် ၊ ဖိုဆူမန်ဆာစတဲ့ လူငယ်ကစားသမားတွေ ပါဝင်ခဲ့ပြီး လိုအပ်တဲ့နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။နှစ်သင်းလုံး ဂိုးသွင်းခွင့်တွေ အပြန်အလှန်ရရှိခဲ့ကြပေမယ့် ဂိုးတော့ မဖြစ်ခဲ့ပါဘူး။ မန်ယူအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ မာတာက ပြစ်ဒဏ်ဘောကနေတစ်ဆင့် ၈၂ မိနစ်မှာမှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်း ၁-၀ စပါး

စပါးအသင်းကတော့ အန်တိုနီယိုရဲ့ ပွဲအစ ဦးဆောင်ဂိုးကို ပြန်မချေပနိုင်ခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့ရပါတယ်။



( Paing A K )

#သစ်ထူးလွင်(အားကစား)

#sports.thithtoolwin.com

Ref : EPL




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment