Powered by Blogger.

ဗန်ဟားလ်ရဲ့ လှဲချလိုက်တဲ့ ပုံစံက ဂျူဒိုသိုင်းကွက်တစ်ကွက်ဖြစ်တယ်လို့ နောက်ပြောင်လိုက်တဲ့ ဂူဟစ်ဒင့်


ချယ်လ်ဆီးအသင်းရဲ့ နည်းပြ  Guus Hiddink (ဂူဟစ်ဒင့်)ဟာဆိုရင်တော့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူနည်းပြ Van Gaal (ဗန်ဟားလ်)ရဲ့ လှဲချလိုက်တဲ့လုပ်ရပ်ဟာဆိုရင်တော့ ဂျူဒိုသိုင်းကွက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

နယ်သာလန် ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဗန်ဟားလ်နဲ့ ဟစ်ဒင့်တို့ဟာဆိုရင်တော့ နောက်ပိုင်းမှာ ဆက်ဆံရေးကောင်းမွန်နေပြီး ဂူဟစ်ဒင့်က အခုလိုမျိုး ဗန်ဟားလ်ရဲ့ လုပ်ရပ်ကို စနောက်ပြောကြားလိုက်တာဖြစ်ပါတယ်။

ဟစ်ဒင့်ကတော့ ဗန်ဟားလ်ရဲ့ လုပ်ရပ်ကို သဘောကျနေပြီး အခုလိုမျိုးဖွင့်ပြောခဲ့ပါတယ်။

ဒိုင်ကို လှဲချပြီး စောဒကတက်နေတဲ့ မန်ယူနည်းပြ ဗန်ဟားလ်
“ သူကတော့ ဂျူဒိုကို အချိန်ယူလေ့ကျင့်ထားမှန်းသိသာပါတယ်။ သူလှဲချလိုက်တာ ဘယ်လောက်သပ်ရပ်လဲ။ အတော်လေးကို သွက်လက်တဲ့ လှုပ်ရှားမှုပါပဲ။ ကျွန်တော်လည်း ဂျူဒို ကစားဖူးပါတယ်။ ကျွန်တော်တော့ သူ့လို လှဲချမှာတော့ မဟုတ်ဘူး ” လို့ ဟစ်ဒင့်က ဟာသနှောပြောပြခဲ့ပါတယ်။

ပြီးတော့ ဟစ်ဒင့်ဟာ နယ်သာလန်မှာ နေထိုင်စဉ်အခါကလည်း ဂျူဒိုကို အရူးအမူးကစားခဲ့ဖူးတဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။ “ကျွန်တော် နယ်သာလန်မှာတုန်းက ဂျူဒိုကို မနက်စောစောဆို သွားကစားပြီ။ ခါးပတ်နက်ရထားတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခါးပတ်အညိုတော့ ရထားပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးသမားတွေလည်း အားကစားတစ်ခုခုကို အချိန်ပေးပြီး အရန်လှုပ်ရှားမှုအနေနဲ့ ပြုလုပ်သင့်တယ်လို့ ထင်မိပါတယ် ” လို့ ဟစ်ဒင့်က အကြံပေးပြောကြားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment