ရွန်နီရဲ့ လစာနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လစာတို့ဟာ အဆ ၆၀၀ ကွာဟနေ
မန်ယူအသင်းကနေ ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းခေါင်းဆောင် Rooney (ရွန်နီ)ရဲ့ လစာနဲ့ မန်ယူအသင်းရဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကစားခဲ့တဲ့ ပွဲစဉ် နှစ်ပွဲမှာ လေးဂိုးအထိသွင်းယူ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး Marcus Rashford (မားကပ်စ် ရက်ရှ်ဖို့ဒ်)တို့ရဲ့ လစာငွေဟာ အဆ ၆၀၀ အထိ ကွာဟလျက်ရှိနေတယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာဆိုရင်တော့ တစ်ပတ်လုပ်ခအနေနဲ့ ပေါင် ၅၀၀ သာ ရရှိနေပြီး မန်ယူအသင်းခေါင်းဆောင် ရွန်နီကတော့ တစ်ပတ်ကို ပေါင်သုံးသိန်းအထိ ရရှိနေတာကြောင့် သူတို့နှစ်ယောက်ရဲ့ လစာငွေဟာ အဆ ၆၀၀ အထိ ကွာဟလျက်ရှိနေတာပါ။
မန်ယူအသင်းဟာဆိုရင်တော့ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးတစ်ဂိုးအတွက် ပျမ်းမျှ ၁၂၅ ပေါင်သာ ကုန်ကျခဲ့ပြီး မန်ယူအတွက်တော့ လာခြင်းကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဘောလုံးကင်းထောက်အဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ကတော့ မန်ယူအကယ်ဒမီကို အသက် ၇ နှစ်တည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ နှစ်ပွဲစလုံးမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : The Sun
0 comments :
Post a Comment