Powered by Blogger.

နွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကို ကြီးမားတဲ့ပြောင်းလဲမှုတွေ ပြုလုပ်မယ့် ယာဂန်ကလော့ပ်


အန်ဖီးလ်မှာ ရလဒ်တွေက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေတာကြောင့် လီဗာပူးလ်နည်းပြ Jurgen Klopp ယာဂန်ကလော့ပ်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားအပြောင်းအရွှေ့တွေ ကြီးကြီးမားမားပြုလုပ်ပြီး အသင်းပုံစံကို ပြောင်းလဲပစ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ နည်းပြဟောင်း ရော်ဂျာလက်ထက်က ခေါ်ယူခဲ့ပြီး ကလော့ပ်ရဲ့ စိတ်တိုင်းကျမဖြစ်တဲ့ ကစားသမားတွေကိုလည်း အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ Dailymail က ဖော်ပြပါတယ်။

မန်စီးတီးအသင်းကို လိဂ်ဖလားမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာတော့ လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group ကလည်း လီဗာပူးလ်အသင်းကို ပြန်ပြီး မွမ်းမံဖို့အတွက် ငွေကြေးများစွာနဲ့ နည်းပြ ယာဂန်ကလော့ပ်ကို ထောက်ပံ့သွားဖွယ်ရှိနေပါတယ်။ ကလော့ပ်ဟာဆိုရင်တော့ သူ့ရဲ့လက်ထက်မှာ ရှော်ကေးနောက်ခံလူ မတ်တစ်နဲ့ ဆာဘီးယားကွင်းလယ်လူ မာကိုဂရူဂျစ်တို့ကိုသာ ခေါ်ယူထားခဲ့ပါတယ်။

ဂျိုးအလန် ၊ ဘန်တီကီစတဲ့ ကစားသမားတွေနဲ့ အသင်းမှာ လူပိုလိုဖြစ်နေတဲ့ ကစားသမားတွေကို  ကလော့ပ်က ပြန်လည် ထုတ်ရောင်းသွားဖွယ်ရှိနေပြီး ဘိုင်ယန် ကွင်းလယ်လူ ဂေါ့ဇီနဲ့ ပိုလန်ကွင်းလယ်လူ ဇီယယ်လ်လင်စကီတို့ကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ကိုလိုတိုရေး ၊ ဂျွန်ဖလာနာဂန် ၊ ဟိုဆေးအန်းနရစ်နဲ့ ဟိုအိုတိုင်ဆီရာတို့ကတော့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံး သွားမှာဖြစ်ပြီး စာချုပ်သက်တမ်းလည်း အသင်းက တိုးမြှင့်ဖွယ်မရှိတာကြောင့် လာမယ့်နွေရာသီမှာ လမ်းခွဲရဖွယ်ရှိနေပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ လာမယ့်နွေရာသီမှာတော့ ဖလာနာဂန်ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အသင်းကို တိုက်တွန်းသွားမယ်လို့ဆိုပြီး ဒဏ်ရာပြဿနာတွေကြောင့်သာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားဖြစ်နေတာပါလို့ ပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment