Powered by Blogger.

ကာဗာနီကိုခေါ်ယူဖို့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့အပြိုင် ကြိုးပမ်းနေ



မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာဆိုရင်တော့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး Edison Cavani (အက်ဒီဆင်ကာဗာနီ)ကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးတဲ့ ကာဗာနီဟာဆိုရင်တော့ ပြင်သစ်မြေမှာ ကစားရတာကို ငြီးငွေ့လာပြီး အပြိုင်အဆိုင်ရှိတဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ကာဗာနီကိုတော့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က စောင့်ကြည့်လျက်ရှိနေပြီး ပြောင်းရွှေ့ကြေးအနေနဲ့တော့ အနည်းဆုံး ပေါင်သန်းသုံးဆယ်လောက် ပေးချေရဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ကာဗာနီကစားချင်တဲ့ ကလပ်ဖြစ်နေပြီး ကွန်တီသာနည်းပြသစ်ဖြစ်လာရင်တော့ ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပါတယ်။ အကြောင်းရင်းကတော့ ကာဗာနီက နာပိုလီမှာကစားစဉ်တည်းက နည်းပြ ကွန်တီရဲ့ လက်အောက်မှာ ကစားချင်မိတယ်လို့ ဖွင့်ဟထားခဲ့လို့ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကို ပြောင်းရွှေ့ရင်တော့ ကာဗာနီဟာ အဂွဲရိုးနဲ့ အပြိုင်နေရာလုရဖွယ်ရှိနေတာကြောင့် ကစားဖို့ စိတ်မဝင်စားဖြစ်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းကလည်း သူ့ကိုခေါ်ယူချင်နေပေမယ့်လည်း ကာယကံရှင်တိုက်စစ်မှူးကိုယ်တိုင်က ကစားဖို့ စိတ်မဝင်စားတာကြောင့် အနီးကပ် ကြိုးပမ်းမှုကို လက်လျှော့ခဲ့ရတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment