Leory Sane ကို ယူရို ၃၇ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ ပြင်ဆင်နေ
ရှော်ကေးရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေးဖြစ်တဲ့ Leory Sane (လိုရီဆာနေး)ကိုတော့ အသင်းကြီးတွေ အတော်များများက စိတ်ဝင်စားနေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဂျာမန်ရဲ့ အလားအလာ အကောင်းဆုံး ကစားသမားဖြစ်တာကြောင့် သူ့ကို ဘိုင်ယန်မြူးနစ် ၊ ချယ်လ်ဆီး ၊ အာဆင်နယ်စတဲ့ အသင်းတွေက စိတ်ဝင်စားခဲ့ဖူးပါတယ်။
အခုဆိုရင်တော့ Sane ကို စပိန်ကလပ်ဖြစ်တဲ့ ဘာစီလိုနာအသင်းက စိတ်ဝင်စားလာပြီး ပြောင်းရွှေ့ကြေး ယူရို ၃၇ သန်းလောက်ပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ကတ်တလန်အခြေစိုက်အသင်းဟာ Sane ကို စိတ်ဝင်စားနေတာဟာ အချိန်ကာလအတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရှော်ကေးအသင်းမှာ မကစားခင်တည်းက သူ့ကို တောက်လျှောက်စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ သက်ကြီးပိုင်းကစားသမားတွေ များပြားလာတဲ့ ကွင်းလယ်ပိုင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကြိုးစားနေခဲ့ပြီး Sane ကို နောက်မျိုးဆက်ကွင်းလယ်ပိုင်းအတွက် ငွေကြေးများစွာအသုံးပြုပြီး ခေါ်ယူချင်နေတာဖြစ်ပါတယ်။
Mundo Deportivo သတင်းစာမှာတော့ ဘာစီလိုနာက Sane ကို ခေါ်ယူချင်နေတယ်ဆိုတာကို ခေါင်းကြီးပိုင်းမှာ ဖော်ပြခဲ့ပြီး အင်နီယေစတာနဲ့ တူရန်လက်သစ်တစ်ယောက်လို့ ညွှန်းဆိုခဲ့ပါတယ်။ Sane ဟာ မကြာသေးခင်ကမှ ၂၀၁၉ အထိ သက်တမ်းဆက်ရှိနေမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး စာချုပ်လျော်ကြေး ယူရို ၃၇ သန်းအထိ ရှိတယ်လို့လည်း သိရပါတယ်။
Sane ကိုတော့ ဘာကာအပြင် လီဗာပူးလ်ကလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုနေတယ်လို့ အင်္ဂလန်သတင်းစာ Express ကလည်း ဖော်ပြခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : 101 Great Goals
0 comments :
Post a Comment