Powered by Blogger.

မန်ယူတိုက်စစ်မှူး ရွန်နီ ဒူးအရွတ်ဒဏ်ရာကြောင့် နှစ်လခန့်အနားယူရဖွယ်ရှိ



ဗြိတိန်သတင်းစာတစ်ခုဖြစ်တဲ့ The Times ရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး Rooney (ရွန်နီ)ဟာ ဒူးအရွတ်ထိခိုက်သွားတာကြောင့် နှစ်လလောက်အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟာ မနှစ်ကတော့ ကစားသမားဘဝအဆိုးရွားဆုံးမှတ်တမ်းတစ်ခုကို ရင်ဆိုင်နေရပြီး ဘောလုံးရာသီတစ်ဝက် ပြိုင်ပွဲစုံသွင်းဂိုးအနေနဲ့ ၇ ဂိုးသာရှိခဲ့တာဖြစ်ပါတယ်။
 သူဟာ ၂၀၁၆ မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေခဲ့ပြီး ကိုးပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ အခုလို ခြေစွမ်းပြန်ပြနေချိန်မှာမှ နှစ်လလောက် အနားယူရတော့မယ်ဆိုတာကတော့ မန်ယူပရိသတ်တွေအတွက်ရော ၊ သူ့အတွက်ပါ ဆိုးရွားတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။

ကလပ်ကတော့ သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ “ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမား ၁၃ ယောက်အထိရှိနေပါတယ်။ ရွန်နီကတော့ သူတို့ထဲကတစ်ယောက်ပေါ့” လို့ အတည်ပြုသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာကတော့ ဘာကြောင့် ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာကို မန်ယူအသင်းက ထုတ်ပြန်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ မန်ယူအသင်းဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ဖြစ်တဲ့ ဒိန်းမတ်ကလပ် မစ်ဂျယ်လန်းအသင်းနဲ့ပွဲစဉ်မှာတော့ တိုက်စစ်မှူးပြဿနာကြောင့် ပြင်သစ်လူငယ်တိုက်စစ်မှူး မာတီရယ်လ်ကိုအထောင်ထားပြီး ယူ ၂၁ မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဝီလ်ကိန်းကို ရွန်နီနေရာမှာ အစားထိုးကစားသွားနိုင်ဖို့ အစီအစဉ်တွေချမှတ်ထားတယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : 101 Great Goals
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment