Powered by Blogger.

မက်ဆီရဲ့ လာလီဂါ သွင်းဂိုး ၃၀၀ ပြည့်မြောက်



မနေ့ညက ကစားခဲ့တဲ့ စပို့တင်းဂီဂျွန်အသင်းကို ဘာစီလိုနာအသင်းက သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာရဲ့ တိုက်စစ်မှူး Messi (မက်ဆီ) က နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

မက်ဆီရဲ့ ဒီသွင်းဂိုးနှစ်ဂိုးဟာဆိုရင်တော့ ကစားသမားဘဝရဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူပေးနိုင်ခဲ့တဲ့ ဂိုးတွေဖြစ်စေခဲ့ပြီး ကစားသမားဘဝတစ်လျှောက်မှာ လာလီဂါသွင်းဂိုး ၃၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ မက်ဆီက ပွဲရဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး သူ့ရဲ့ လာလီဂါ ဂိုး ၃၀၀ မြောက်ဖြစ်စေခဲ့ပါတယ်။ နောက်ထပ် ခြောက်မိနစ်အကြာမှာပဲ သူက ဂိုးထပ်သွင်းပြီး လာလီဂါမှာ ၃၀၁ ဂိုးမြောက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူရဲ့ ဒီလိုသွင်းဂိုးတွေကြောင့် ဥရောပအထင်ကရပြိုင်ပွဲတွေရဲ့ ပဉ္စမမြောက် ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ ဒီရဲ့ လိဂ်အလိုက်ဂိုးသွင်း အများဆုံးကစားသမားတွေမှာတော့ ဂျာမန်ဂန္တဝင် ဂတ်မူလာ ၊ ဂျင်မီဂရိဗ် ၊ စတိဗ်ဘလွန်မား ၊ ဒီဆီးဒင်းန်တို့ ပြီးရင်တော့ မက်ဆီက ရပ်တည်လျက်ရှိနေပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ငါးကြိမ်မြောက်ဆွတ်ခူးထားနိုင်ခဲ့တဲ့ မက်ဆီဟာဆိုရင်တော့ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ရော်နယ်ဒိုကို ဒီလိုနေရာတွေမှာတော့ သိသိသာသာကျော်ဖြတ်ထားနိုင်ခဲ့ပြီး သူတို့နှစ်ဦးကြားဆက်ဆံရေးကလည်း အေးခဲလျက်ရှိတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment