Powered by Blogger.

မန်ယူအရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းမှာ အင်္ဂလန်အသင်းတွေ အမှတ်ပြည့်မရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်များ



မနေ့ညက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကတော့ အင်္ဂလန်အသင်းတွေ အမှတ်ပြည့်မရခဲ့ဘဲ ဥရောပမှာ ခြေစွာတဲ့ စပိန်အသင်းတွေ အကုန်လုံးကတော့ အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။

မစ်ဂျယ်လန်း ၂-၁ မန်ယူ

မန်ယူအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဒိန်းမတ်ကလပ် မစ်ဂျယ်လန်းအသင်းကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ သွေးပူလေ့ကျင့်ခန်းဆင်းနေချိန်မှာ မန်ယူအသင်းရဲ့ အားထားရတဲ့ ဂိုးသမား ဒီဂီယာဒဏ်ရာရခဲ့တာကြောင့် အရန်ဂိုးသမား ရိုမဲရိုးကို ထည့်သွင်းပြီး ကစားခဲ့ရပါတယ်။



မန်ယူအသင်းကတော့ ဒီပွဲမှာ အဖွင့်ဂိုးစရခဲ့ပြီး ၃၇ မိနစ်မှာ လင်ဂတ်ရဲ့ ပေးပို့မှုကနေ ခြေစွမ်းပျောက်နေတဲ့ ဒီပိုင်းက အနီးကပ် ပိတ်သွင်းခဲ့တာပါ။ သရဲနီတွေ ပျော်ရပြီလို့ ထင်ခဲ့ရပေမယ့်လည်း ၄၄ မိနစ်မှာ မစ်ဂျယ်လန်းကစားသမား စစ္စတိုက အနိမ့်ကန်ချက်နဲ့ ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ မစ်ဂျယ်လန်းအတွက် အနိုင်ဂိုးကိုတော့ မန်ယူနောက်ခံလူတွေကို လိမ်ခေါက်နေတဲ့ အနေအထားကနေ တိုက်စစ်မှူး အိုနာချူက ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို အနိမ့်ဘောကန်သွင်းခဲ့တာဖြစ်ပါတယ်။



မစ်ဂျယ်လန်းတိုက်စစ်မှူး အိုနာချူ အောင်ပွဲခံနေစဉ်

ဒီလိုအရှုံးကြောင့် မန်ယူပရိသတ်တွေက ဆဲဆိုခဲ့ကြပြီး နည်းပြ ဗန်ဟားလ်ပေါ်ကိုလည်း ဖိအားတွေ ပိုပြီးကျရောက်လာခဲ့ပါတယ်။ ဒါ့ကြောင့် နည်းပြဗန်ဟားလ်ကတော့ “ကျွန်တော်ထင်တာကတော့ ကံဆိုးပြီးရင်းဆိုးတာပါ။ Murphy ရဲ့ ဥပဒေသ လိုပေါ့။ ကျွန်တော်တို့မှာ အရင်တည်းက ဒဏ်ရာရကစားသမား ၁၃ ယောက်အထိရှိနေခဲ့တာပါ။ ဒါပေမယ့် ပွဲမစခင်မှာပဲ နောက်တစ်ယောက်ထပ်တိုးသွားတယ်။ ဒါက လူစာရင်းကို ပြန်ကာမိဖို့ မလွယ်တော့တာပဲ ” လို့ ညည်းတွားပြောဆိုသွားခဲ့ပါတယ်။ အဝေးကွင်းအရှုံးဖြစ်တာကြောင့် မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ပြန်ပြီးအနိုင်ရအောင် ကစားနိုင်မယ်လို့တော့ ထင်မိပါတယ်။




ဖီအိုရင်တီးနား ၀-၀ စပါး

စပါးကတော့ အဝေးကွင်းမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ ဖီအိုက ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပေမယ့်လည်း ကံခေနေခဲ့ပါတယ်။ ပွဲချိန် ၃၇ မိနစ်မှာတော့ ချတ်ဒ်လီက စပါးအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေတစ်ဆင့်ရယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဖီအိုကစားပုံက အတော်လေးဆိုးရွားနေတာကို စပါး အခွင့်အရေး ရယူနိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။

စပါးကွင်းလယ်လူ ဒဲလ်အော်လီကတော့ ခြေစွမ်းကောင်းတွေဆက်တိုက်ပြနေခဲ့ပေမယ့် ဒီပွဲမှာ သူ့အတွက် ပြောစရာဖြစ်စေတဲ့အမှားကို ကျူးလွန်မိခဲ့ပါတယ်။ ဘောလုံးလုရင်းလဲကျခဲ့တဲ့ ဖီအိုက မက်မန်နာမန်ကို ခြေထောက်နဲ့ သွားကန်ခဲ့တာပါ။ ဒီလုပ်ရပ်ကိုတော့ ဒိုင်က အရေးယူခဲ့ခြင်းမရှိပေမယ့်လည်း စပါးနည်းပြ ပိုချက်တီနိုကတော့ အော်လီကတော့ သင်ယူစရာတွေရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဖီအိုအသင်းအတွက် သရေကျစေမယ့်ဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ ဘားနက်စ်ဒ်ချီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 
 
အော့စ်ဘတ် ၀-၀ လီဗာပူးလ်

အော့စ်ဘတ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်ကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ အမာခံကစားသမားတွေ ပါဝင်ခဲ့ပြီး အဝေးကွင်းနိုင်ပွဲရဖို့ ကြိုးစားခဲ့ပါတယ်။ ကော်တင်ဟိုနဲ့ မော်ရီနိုတို့ကတော့ ဂိုးပေါက်တွေ့နိုင်မယ့် သေချာပေါက် အခွင့်အရေးတွေကို ဖြုန်းတီးဖြစ်ခဲ့တာကြောင့် ယာဂန်ကလော့ပ် စိတ်ပျက်ခဲ့ရပါတယ်။

အော့စ်ဘတ်ကလည်း ဂိုးသွင်းခွင့်တွေ ပြန်ရပေမယ့် အသုံးမချနိုင်ခဲ့ ပြန်ပါဘူး။ ဒါ့ကြောင့် အဝေးကွင်းမှာ ကြိုးကြာနီတို့ အမှတ်ငတ်ခဲ့ရပါတယ်။

အခြားပွဲတွေမှာတော့ ဂယ်ရီနဗီးလ်ကိုင်တွယ်နေတဲ့ ဗလင်စီယာအသင်းက ရက်ပစ်ဝီအန်အသင်းကို ခြောက်ဂိုးသွင်းပြခဲ့ပြီး ၊ ဗီလာရီးရဲလ်ကတော့ နာပိုလီကို တစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ ဒေါ့မွန်အသင်းကတော့ ပေါ်တိုကို နှစ်ဂိုးသွင်းပြီး အိမ်ကွင်းမှာနိုင်ပွဲရယူခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment