Powered by Blogger.

ပီအက်စ်ဂျီတိုက်စစ်မှူး လာဗက်ဇီ တရုတ်ကလပ် ဟဘေးဖော်ကျွန်းအသင်းသို့ ရောက်ရှိ




တရုတ်ကလပ်တွေက အစောပိုင်းတည်းက ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တိုင်းတိုက်စစ်မှူး လာဗက်ဇီဟာဆိုရင်တော့ တရုတ်ကလပ်တစ်ခုဖြစ်တဲ့ ဟဘေးဖော်ကျွန်းအသင်းကို ရောက်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

 DailyMail ရဲ့ ဖော်ပြချက်အရတော့ ဒီတိုက်စစ်မှူးဟာ ကမ္ဘာ့လစာအကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်လာဖို့ရှိပြီး နှစ်နှစ်ကို အခွန်ဆောင်ပြီး လစာငွေ ပေါင် ၂၃ သန်းအထိ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။




လာဗက်ဇီဟာဆိုရင်တော့ ပီအက်စ်ဂျီအသင်းကို ၂၀၁၂ ခုနှစ်တုန်းက နာပိုလီအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၀၇ ပွဲမှာ ၂၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် လာဗက်ဇီရဲ့ အေးဂျင့်ဖြစ်သူကတော့ ချယ်လ်ဆီး ၊ အင်တာမီလန် ၊ ဂျူဗင်တပ်စတဲ့ အသင်းတွေနဲ့ စကားပြောခဲ့ပေမယ့်လည်း အနာဂတ်မသေချာခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

လာဗက်ဇီကတော့ နောက်ထပ်တရုတ်ကလပ်တစ်ခုဖြစ်တဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းကို ရောက်ရှိလုနီးနီးဖြစ်ခဲ့ပေမယ့်လည်း ဟဘေးဖော်ကျွန်းအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ဂျက်ဆင်မာတီနက်ဇ် ၊ ဂျီလာဗစ် ၊ ဒမ်ဘာဘား ၊ ဂါဗင်ဟို ၊ အဆာမိုဂျန် ၊ တိုင်ဆီရာ ၊ တင်ကာဟေးလ် ၊ ဂွာရင် ၊ ရာမီရက်ဇ်စတဲ့ ကစားသမားတွေဟာလည်း မြင့်မားတဲ့လစာငွေတွေနဲ့ ကစားနေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment