Powered by Blogger.

ကြော်ငြာဓာတ်ပုံတစ်ပုံအတွက် ပေါင်တစ်သန်းနီးပါး ရရှိနေတဲ့ ရော်နယ်ဒို



ဘောလုံးကစားသမားတွေရဲ့ အပြောင်းအရွှေ့စာချုပ်တွေ ၊ သက်တမ်းစာချုပ်တွေရဲ့ လျှို့ဝှက်ချက်တွေကို တောက်လျှောက်ဖော်ထုတ်နေတဲ့ Football Leak ဆိုတဲ့ ဝက်ဘ်ဆိုက်ဟာဆိုရင်တော့ ကမ္ဘာကျော် ဘောလုံးသမား Ronaldo  (ရော်နယ်ဒို)နဲ့ ဆော်ဒီအာရေဗျ တယ်လီကွန်ကုမ္ပဏီတစ်ခုကြားမှာ ချုပ်ဆိုထားတဲ့ ကြော်ငြာစာချုပ်တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီစာချုပ်အရတော့ ရီးရဲလ်မက်ဒရစ်စတားဟာ ဒီတယ်လီကွန်ရဲ့ ဓာတ်ပုံရိုက်ကူးခံမှုတွေအတွက် တစ်ပုံကို ပေါင်တစ်သန်းနီးပါးဖြစ်တဲ့ ပေါင် ၈၆၀၀၀၀ အထိ ရရှိနေတယ်လို့ သိရပါတယ်။ CR ဟာ တစ်ခါဓာတ်ပုံရိုက်ရင် အချိန်လေးနာရီခွဲလောက်ပေးရတယ်လို့ သိရပြီး ဓာတ်ပုံရိုက်နေတဲ့ တစ်မိနစ်အတွင်းမှာ ရော်နယ်ဒိုဟာ ပေါင်သုံးထောင်အထိရရှိနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုရဲ့ အခုလိုတစ်မိနစ်ဝင်ငွေဟာ အင်္ဂလန်နိုင်ငံက ဆရာဝန်ငယ်တစ်ယောက်ရဲ့ အခွန်ဆောင်ပြီး နှစ်လလုပ်ခနဲ့ ညီမျှလျက်ရှိနေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ်မှာတော့ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်လျက်ရှိပါတယ်။ ဒီတယ်လီကွန်နဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ ဆော်ဒီတယ်လီကွန်ဟာ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘောလုံးကစားနေတဲ့ ပုံရိပ်တွေကိုလည်း သုံးစွဲခွင့်ရှိနေတယ်လို့လည်း ဖော်ပြထားပါသေးတယ်။

ပေါ်တူဂီရှပ်အင်္ကျီကုမ္ပဏီငါးခုနဲ့ ဆိုရှယ်မီဒီယာနှစ်ခုအတွက်လည်း စာချုပ်တွေချုပ်ထားတဲ့အပြင် တစ်ခြားလုပ်ငန်းတွေနဲ့လည်း မကင်းတဲ့ ရော်နယ်ဒိုဟာဆိုရင်တော့ ဝင်ငွေအကောင်းဆုံးကစားသမားနေရာမှာတော့ မက်ဆီကို ကျော်ဖြတ်နိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment