Powered by Blogger.

သတင်းစာရှင်းလင်းပွဲမှာ သံသယဖြစ်စရာတွေကို ပြောပြီး ဒေါသတစ်ကြီးနဲ့ ထပြန်ခဲ့တဲ့ ရော်နယ်ဒို



ရိုးမားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမကစားမီ သတင်းစာရှင်းလင်းပွဲမှာတော့ Ronaldo (ရော်နယ်ဒို)ဟာ သူ့အတွက်နာကျည်းစရာတွေကို ရင်ဖွင့်ခဲ့ပြီး မခံမရပ်နိုင်တဲ့ မေးခွန်းတစ်ခုကြောင့် ဒေါသတကြီးနဲ့ မေးခွန်းပြန်မေးပြီး ထပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒီပေါ်တူဂီအသင်းခေါင်းဆောင်ဟာဆိုရင်တော့ ချန်ပီယံလိဂ် ၁၂၁ ပွဲကစားခဲ့ပြီး ၈၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်မှာလည်း ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သူ့ကို ဒေါသထွက်စေခဲ့တဲ့ မေးခွန်းကတော့ “နိုဝင်ဘာ ၂၉ ရက်နေ့က ကစားခဲ့တဲ့ အိုက်ဘာအသင်းနဲ့ အဝေးကွင်းပွဲကစပြီး ဘာလို့ အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးမသွင်းတော့တာလဲ” ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကိုတော့ ရော်နယ်ဒိုက ဒေါသတစ်ကြီး ဖြေကြားခဲ့ပြီး “ကျွန်တော် စပိန်ကို ရောက်တဲ့အချိန်ကစပြီး ဘယ်သူက ကျွန်တော့်ထက် အိမ်ကွင်းမှာ ဂိုးသွင်းများလို့လဲ။ ပြောစမ်းပါ။ ကျွန်တော့်ထက်ဒီအသင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားကို ၊ ဘာအဖြေမှမပေးနိုင်ဘူးမလား။ အားလုံးကို ကျေးဇူးပါပဲ ” လို့ ပြောဆိုပြီး ထွက်ခွာသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာတော့ ရီးရဲလ်အသင်းအတွက် ၃၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး အဝေးကွင်း လေးပွဲမှာသာ သူ့ရဲ့ သွင်းဂိုးတွေ ရှိခဲ့တာပါ။ ဒီမေးခွန်း အမေးမခံရခင်မှာလည်း ရော်နယ်ဒိုက “လူတစ်ချို့က ကျွန်တော့်ခြေစွမ်းကို သံသယရှိနေကြတာကို လက်ခံပါတယ်။ ကျွန်တော်ထင်တယ်။ ဒါက ကလေးတစ်ယောက်နဲ့တူနေလိမ့်မယ်။ သူ့ကို မုန့်တစ်ခုပေးရင် ပျော်နေပြီး သူ့ဆီက ဒီမုန့်ကို ပြန်ယူသွားရင် ငိုနေသလိုမျိုးပေါ့။ ကျွန်တော်ထင်တာကတော့ ရာသီမသိမ်းခင်အထိ ဒီလိုဆိုးရွားတဲ့ ခြေစွမ်းဆက်ရှိနေနိုင်တယ် ” လို့ သူ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ ပြောပါတယ်။

နောက်ပြောစကားတွေမှာတော့ CR က သူ့ရဲ့ အသင်းဖော်တွေနဲ့ ဆက်ဆံရေးပြဿနာရှိနေတဲ့ ပုံစံမျိုးကို ဖြေကြားခဲ့ပြန်ပါတယ်။ “ကျွန်တော် မန်ယူမှာကစားတုန်းက ဖာဒီနန် ၊ ပေါလ်စခိုးလ်တို့နဲ့ မတည့်ဘူး။ဒါပေမယ့်လည်း ချန်ပီယံလိဂ်ရတဲ့အထိ ကျွန်တော်တို့ကစားနိုင်ခဲ့တယ်။ လူတွေက ပြောကြတယ်ဗျ။ ဘာစီလိုနာရဲ့ တိုက်စစ်သုံးဦး ဆက်ဆံရေးက လေးစားစရာပဲလို့။ ပြီးခဲ့တဲ့ပွဲမှာ မက်ဆီနဲ့ ဆွာရက်ဇ်ကန်သွားတဲ့ ပင်နယ်တီကို လူတိုင်းမှတ်မိနေမယ်ထင်တယ်။ မက်ဆီဘာ့ကြောင့် ဒီလိုလုပ်ရတာလည်း ဆိုတာ ကျွန်တော်သိတယ်။ ထပ်ပြီးတော့ မပြောတော့ပါဘူး။ ဂါရတ်ဘေးလ်နဲ့ ဘန်ဇီမာတို့နဲ့ အဆင်ပြေချင်လို့ အိမ်ကို ထမင်းဖိတ်ကျွေးဖို့ လိုမယ်မထင်ပါဘူး။ ကွင်းထဲမှာ အဆင်ပြေရင် ပြီးပြည့်စုံပါတယ် ” လို့ ရော်နယ်ဒိုက သံသယဖြစ်စရာ အဖြေတွေကို ဖြေကြားသွားခဲ့ပြန်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment