ဒီယေဂိုဆီမြွန်နီကို လာမယ့်ရာသီမှာ ချယ်လ်ဆီးနည်းပြအဖြစ် မြင်ရတော့မယ်လို့ သတင်းထွက်
ချယ်လ်ဆီးအသင်းဟာဆိုရင်တော့ အက်သလက်တီကိုအသင်းရဲ့ လက်ရှိနည်းပြ Diego Simeone (ဒီယေဂိုဆီမြွန်နီ) ကို လာမယ့် ရာသီမှာ နည်းပြအဖြစ် ခန့်အပ်နိုင်တော့မယ်လို့ Goal.com က ဖော်ပြပါတယ်။ အာဂျင်တီးနားနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဒီနည်းပြဟာ မက်ဒရစ်မြို့ခံအသင်းကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့ပြီး နိုင်လိုစိတ်ပြင်းပြတဲ့ နည်းပြတစ်ယောက်အဖြစ်လည်း ထင်ရှားပါတယ်။
ချယ်လ်ဆီးအသင်းကတော့ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာ ယာယီနည်းပြအဖြစ် Guus Hiddink (ဂူဟစ်ဒင့်)ကို ခန့်အပ်ခဲ့ပြီး ရလဒ်ပိုင်းတွေ ကောင်းမွန်လျက်ရှိနေပါတယ်။
အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျကတော့ ချယ်လ်ဆီးအသင်းရဲ့ အမြဲတမ်းနည်းပြရာထူးအတွက်တော့ စဉ်းစားနေဆဲဖြစ်ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီကတော့ ချယ်လ်ဆီးနည်းပြ ဖြစ်လာဖို့ သေချာနေတယ်လို့ သတင်းတွေထွက်နေပေမယ့် အခုအချိန်မှာတော့ ဆီမြွန်နီက သတင်းတွေ ထွက်ရှိလာခဲ့ပြန်တာပါ။
ချယ်လ်ဆီးအသင်းကတော့ ဆီမြွန်နီကို တစ်နှစ်လုပ်ခ ပေါင် ၁၂ သန်းနဲ့ ခန့်အပ်သွားနိုင်ဖို့ စီစဉ်နေပြီး တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့ အဆက်အသွယ်နဲ့ ချိတ်ဆက်လျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဆီမြွန်နီရဲ့နောက်မှာတော့ အီတလီလက်ရွေးစင်နည်းပြ ကွန်တီက ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေခဲ့ပြီး စပါးနည်းပြ ပိုချက်တီနိုကိုလည်း ခြင်္သေ့ပြာတွေက သဘောကျနေတယ်လို့ သတင်းတွေထွက်နေပါတယ်။
ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့ နည်းပြသစ်ဖြစ်လာနိုင်တဲ့သူတွေကိုတော့ ဘယ်တုန်းကမှ ထုတ်ဖော်ခဲ့ခြင်းမရှိပေမယ့် မီဒီယာတွေက နည်းပြတွေ တစ်ယောက်ပြီးတစ်ယောက်ကို ထင်ကြေးပေးနေကြတာလည်း ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal
0 comments :
Post a Comment