Powered by Blogger.

လက်စတာအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဖို့ ဘန်တလေကားနဲ့ လာရောက်ခဲ့တဲ့ ဗာဒီ



လက်စတာအသင်းတိုက်စစ်မှူး Jamie Vardy (ဂျေမီဗာဒီ) ကတော့ လက်စတာအသင်းနဲ့အတူ ပေါင် ၁၃ သန်းတန်ကြေးရှိတဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုမယ့်နေ့မှာ ပေါင် တစ်သိန်းခြောက်သောင်းတန် ဘန်တလေ ကားတစ်စီးကို ဝယ်ယူပြီး လာရောက်ခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်ကို ပေါင် ၇၅၀၀၀ နဲ့ သုံးနှစ်ခွဲသက်တမ်းတိုးမယ့် ဗာဒီဟာ ဆိုရင်တော့ အခုအချိန်မှာမှ တန်ဖိုးကြီးကားကို ပထမဆုံးဝယ်စီးခဲ့တာလည်း ဖြစ်ပါတယ်။

လက်စတာအသင်းဟာ အကယ်လို့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်သွားမယ်ဆိုရင်တော့ အသင်းပိုင်ရှင်က လတ်စ်ဗီးဂတ်စ်မှာ အပြတ်ကဲနိုင်ဖို့ အစီအစဉ်တွေ ပြုလုပ်ပေးသွားမယ့်အပြင် ကစားသမားတွေသုံးစွဲဖို့ ရန်ပုံငွေ ပေါင်တစ်သန်းကိုလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဗာဒီကတော့ လက်စတာအသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းပြောင်းမယ်ဆိုတဲ့ ကောလဟလတွေကို နှုတ်ဆိတ်စေခဲ့ပါတယ်။

ဒီလိုသက်တမ်းတိုးနိုင်ခဲ့တာကြောင့် ဗာဒီဟာ လက်စတာအသင်းမှာ ၂၀၁၉ ခုနှစ်အထိဆက်ရှိနေတော့မှာပါ။ “ကျွန်တော့်ကို သူတို့ ယုံကြည်မှု အပြည့်ထား,ထားတယ်ဆိုတာကို ပြသလိုက်တာပါ။ သုံးနှစ်ခွဲဆိုတဲ့ အချိန်အတွင်းမှာ တိုးတက်မှုတွေပဲဖြစ်နေအောင်ကစားသွားမယ်။ ကစားပုံတိုးတက်လာဖို့လည်း ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောပါတယ်။ ကျွန်တော်ရတဲ့ငွေနဲ့တန်အောင် အလုပ်လုပ်ရတော့မယ်” လို့ ဗာဒီက ပြောကြားခဲ့ပါတယ်။

အရင် ဖလိဝုဒ်တောင်း တိုက်စစ်မှူးဗာဒီဟာ အင်္ဂလန်အသင်းနဲ့အတူ လာမယ့် ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့လည်း မျှော်လင့်လျက်ရှိနေပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : the sun

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment