Powered by Blogger.

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်အတွက် ပျော်စရာ ချစ်သူများနေ့



အင်္ဂလန်နည်းပြ  Roy Hodgson (ရွိုင်းဟော့ဒ်ဆန်)ဟာဆိုရင်တော့ ဇနီးသည်ဖြစ်သူ ရှယ်လီယာနဲ့ ဒီနှစ်အတွင်းမှာ အိမ်ထောင်သက် ၄၅ နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း သူ့အတွက်တော့ မနေ့ကလို ပျော်စရာကောင်းတဲ့ ချစ်သူများနေ့ မရှိနိုင်တော့ဘူးလို့ ဗြိတိန်နာမည်ကျော်သတင်းစာ The Sun က ဖော်ပြပါတယ်။

ယူရို ၂၀၁၆ ပြိုင်ပွဲကြီးနီးကပ်လာတာနဲ့ အမျှ ဟော့ဒ်ဆန်က အင်္ဂလန်အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေလည်း ပြုလုပ်ပေးရတော့မှာ ဖြစ်ပါတယ်။ မနေ့ညကတော့ သူ့ရဲ့ အင်္ဂလန်စတားတွေ အကုန်လုံးက ခြေစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်အတွက် ဟော့ဒ်ဆန်အတွက်က,တော့ ကျေနပ်စရာ ဗယ်လင်တိုင်းတနင်္ဂနွေဖြစ်ခဲ့ပါတယ်။

ပေါ်တော်မူတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ လက်စတာတိုက်စစ်မှူး ဗာဒီကလည်း အာဆင်နယ်အသင်းနဲ့ ပွဲမှာ ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗာဒီကတော့ အရင်ပွဲတွေတုန်းကလည်း ကျေနပ်စရာခြေစွမ်းတွေကို တောက်လျှောက်ပြသနိုင်ခဲ့လို့ ဟော့ဒ်ဆန်ရဲ့ နံပါတ်တစ်ကစားသမားဖြစ်နေတာပါ။

အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို သွင်းယူပေးသွားနိုင်တဲ့သူတွေကလည်း အင်္ဂလန်သားတွေချည်းပဲမို့ ဟော့ဒ်ဆန်အတွက် ပိုပြီးကျေနပ်စရာ ဖြစ်ခဲ့တယ်။ အာဆင်နယ်ပြန်လာမယ့် ဂိုးကတော့ ပြင်သစ်သား ဂီရော့ဒ် ခေါင်းတိုက်ချပေးမှုကနေ အင်္ဂလန်သား ဝဲလ်ကော့တ်က အနီးကပ်ပိတ်သွင်းခဲ့တာပါ။

ဟော့ဒ်ဆန်ကိုင်နေတဲ့ အင်္ဂလန်ရဲ့ ထွန်းတောက်လာမယ့် တိုက်စစ်မှူးလို့ ခန့်မှန်းခံထားရတဲ့ ဝဲလ်ဘတ်ကလည်း ဒဏ်ရာက ပြန်လာတဲ့ ပွဲမှာတင် အသင်းအတွက် အရေးပါဆုံးအနိုင်ဂိုးကို သွင်းယူပေးနိုင်ပြန်ပါတယ်။

အင်္ဂလန်အသင်းရဲ့ ဒဏ်ရာရနေတဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ စတာရစ်ခ်ျကလည်း ဒဏ်ရာကနေ ပြန်လာချိန်မှာပဲ သူ့ရဲ့ကလပ်လီဗာပူးလ်မှာ တိုက်စစ်ကို ဦးဆောင်ကစားနိုင်ခဲ့ပြီး ပွဲရဲ့အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်။

စပါးရဲ့တိုက်စစ်မှူး ဟာရီကိန်းကလည်း ဂိုးတွေဆက်တိုက်သွင်းပြနေခဲ့ပြီး အင်္ဂလန်ရဲ့ အားထားရမယ့် လီဗာပူးလ်နောက်ခံလူ ကလိုင်းကလည်း ပြန်ပြီး ခြေစွမ်းကောင်းလာခဲ့တယ်။

ဟော့ဒ်ဆန်ကတော့ ရွန်နီလိုလူမျိုးကိုတောင် ခြေစွမ်းမပြနိုင်ရင် နိုင်ငံအသင်းမှာ အခွင့်အရေးမပေးနိုင်ဘူးလို့ ခပ်ပြတ်ပြတ်ကြေညာထားခဲ့တာကြောင့် ခြေစွမ်းပြမယ့်ကစားသမားတွေကိုပဲ ခေါ်ယူသွားမယ့် ဟော့ဒ်ဆန်အတွက်ကတော့ အခုလိုအခြေအနေတွေက ဘယ်သူ့ကို ခေါ်ယူရမယ်ဆိုတဲ့  ဆုံးဖြတ်ချက်ချရာမှာ အခက်အခဲတွေ ဖြစ်လာစေခဲ့တယ်။

ဘာပဲဖြစ်ဖြစ် ဟော့ဒ်ဆန်အတွက်တော့ ပျော်စရာ ချစ်သူများနေ့ဖြစ်ခဲ့ပြီးတော့ လာမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန် လူစာရင်းကို လူမှန်နေရာမှန် ခေါ်ယူနိုင်ဖို့ကတော့ အဓိက ကျလို့နေခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : The Sun
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment