Powered by Blogger.

ချန်ပီယံပြေးလမ်းပေါ်က အသင်းတွေ ပိုအကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များ



အာဆင်နယ်အသင်းအတွက် နောက်ဆုံးမိနစ်အနိုင်ဂိုးကို ဝဲလ်ဘတ်ခေါင်းတိုက်သွင်းယူနေစဉ်


မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အာဆင်နယ် ၊ စပါးစတဲ့ လန်ဒန်အသင်းတွေက နိုင်ပွဲကိုယ်စီရခဲ့ကြပြီး ချန်ပီယံပြေးလမ်းပေါ်ကို အပြိုင်တက်ရောက်လာနိုင်ကြပါတယ်။ လက်စတာအသင်းကတော့ ပထမအကျော့တုန်းက ဂိုးပြတ်ရှုံးခဲ့တဲ့ အာဆင်နယ်အသင်းကို ဒုတိယအကျော့မှာလည်း အရှုံးပေးခဲ့ရတာပါတယ်။ မန်စီးတီးအသင်းကတော့ စပါးအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ နှစ်ပွဲဆက် အိမ်ကွင်းအရှုံးကို ရင်ဆိုင်လိုက်ရပါတယ်။

ဒီလို ရလဒ်တွေကြောင့်  အမှတ်ပေးဇယားထိပ်ကအသင်းတွေရဲ့ အမှတ်ကွာဟချက်က ကျဉ်းမြောင်းလာခဲ့ပြီး ပြိုင်ဆိုင်မှုတွေကလည်း ပိုပြီးပြင်းထန်လာမယ့် အနေအထားမှာ ရှိလာခဲ့ပါတယ်။


လက်စတာအသင်းအတွက် အဖွင့်ဂိုးကို ဗာဒီ ပင်နယ်တီမှ တစ်ဆင့်သွင်းယူနေစဉ်
အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ ပွဲစဉ်ကတော့ နောက်ဆုံးမိနစ်တွေအထိ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း နှစ်သင်းလုံးက ဖန်တီးနိုင်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းကတော့ လက်စတာအသင်းကို ဖိကစားခဲ့ပြီး လက်စတာကတော့ တန်ပြန်တိုက်စစ်တွေနဲ့ပဲ ပြန်ကစားခဲ့ပါတယ်။ လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဗာဒီကို အာဆင်နယ်နောက်ခံလူ မွန်ရီယယ်လ်ခြေချိတ်လှဲခဲ့သလို ဖြစ်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဗာဒီကပဲ အမှားအယွင်းမရှိကန်သွင်းပြီး လက်စတာအသင်းအတွက် ဦးဆောင်ဂိုးကန်သွင်းနိုင်ခဲ့ပါတယ်။


ဝဲလ်ကော့တ်က အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူနေစဉ်

ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာတော့ အာဆင်နယ်အသင်းက ပြန်ဖိကစားနိုင်ခဲ့ပါတယ်။ လက်စတာကစားသမား ဆင်ပဆင် နှစ်ဝါတစ်နီနဲ့အထုတ်ခံလိုက်ရတဲ့နောက်မှာတော့ ကွင်းတစ်ခြမ်းလောက်ကို အာဆင်နယ်ဖိကစားထားနိုင်ခဲ့ပါတယ်။

ဂီရော့ဒ်ရဲ့ ခေါင်းတိုက်ချပေးမှုကနေတစ်ဆင့် ဝဲလ်ကော့က အာဆင်နယ်အတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ဝဲလ်ဘတ်က နာကျင်အချိန်ပို ၉၅ မိနစ်မှာ အိုဇေးလ်ရဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့ပါတယ်။


မန်စီးတီး ၁-၂ စပါး



ပင်နယ်တီမှတစ်ဆင့် စပါးအသင်းအတွက် အဖွင့်ဂိုးသွင်းယူနေသည့် ဟာရီကိန်း
မန်စီးတီးက ဧည့်ခံရတဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာတော့ ဧည့်သည်စပါးအသင်းက အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းရော စပါးအသင်းပါ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရခဲ့ကြပါတယ်။ စပါးနောက်ခံလူ ဒန်နီရို့စ်ရဲ့ ဖြတ်တင်ဘောက စတာလင်ကို ပင်နယ်တီဧရိယာထဲမှာ လက်ထိစေခဲ့တာကြောင့် မန်စီးတီးအသင်း ပင်နယ်တီပေးခဲ့ရပြီး ဟာရီကိန်းက အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့ပြီး စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

မန်စီးတီးအတွက်ချေပဂိုးကို အိုင်ဟီယန်နာချို သွင်းယူနေစဉ်


























စပါးအသင်းအတွက်အနိုင်ဂိုးကို အဲရစ်ဆင်သွင်းယူနေစဉ်
ဒုတိယပိုင်းအရောက်မှာတော့ မန်စီးတီးအသင်းရဲ့လူငယ်တိုက်စစ်မှူး
အိုင်ဟီယန်နာချိုက ချေပဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း မန်စီးတီးနောက်တန်းတွေရဲ့ ပေါ့ဆမှုကြောင့် လာမယ်လာရဲ့ ပေးပို့မှုကနေ အဲရစ်ဆင်က စပါးအသင်းအတွက် သုံးမှတ်ဖြစ်စေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။




အက်စတွန်ဗီလာ ၀-၆ လီဗာပူးလ်

အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် စတာရစ်ခ်ျ

လီဗာပူးလ်အသင်းကတော့ အက်စတွန်ဗီလာအသင်းကို အဝေးကွင်းမှာ ခြောက်ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒဏ်ရာသက်သာလာတဲ့ စတာရစ်ခ်ျကလည်း အကောင်းဆုံးခြေစွမ်းတစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။




( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Youtube


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment