Powered by Blogger.

အာဆင်နယ်အသင်းကို အရှုံးနဲ့ရင်ဆိုင်ရအောင် ကစားနိုင်တယ်ဆိုတဲ့ ဗာဒီ



လက်စတာအသင်းရဲ့ တိုက်စစ်မှူး Vardy (ဗာဒီ)ကတော့ သူ့ရဲ့ လက်စတာအသင်းဟာဆိုရင် အာဆင်နယ်အသင်းကို အနိုင်ပိုင်းကစားပြီး အာဆင်နယ်ပရိသတ်တွေ ရင်နာအောင်ကစားနိုင်တယ်လို့ ပြောပါတယ်။အာဆင်နယ်အသင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေရှိနေပေမယ့်လည်း မြေခွေးတွေက အကောင်းဆုံးကစားပြသွားနိုင်မယ်လို့ ဗာဒီက ယုံကြည်လျက်ရှိနေတာပါ။

လက်စတာအသင်းဟာဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ငါးမှတ်ဖြတ်ဦးဆောင်နေနိုင်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ လက်စတာအသင်းကတော့ လီဗာပူးလ် ၊ မန်စီးတီးစတဲ့အသင်းတွေကိုလည်း အကောင်းဆုံးကျော်ဖြတ်ပြနိုင်ခဲ့ပြီးတော့ အခုအချိန်မှာလည်း အာဆင်နယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပထမအကျော့တုန်းကတော့ လက်စတာအသင်းဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ရပြီး ဒုတိယအကျော့မှာ မတူညီတဲ့ အခြေအနေတွေကြောင့် အာဆင်နယ်အသင်းကို အနိုင်ကစားနိုင်ဖို့ မြေခွေးတွေက မျှော်လင့်လျက်ရှိနေပါတယ်။

ဒါ့ကြောင့် ဗာဒီကတော့ အင်တာဗျူးမှာ အခုလိုပြောပါတယ်။ “အာဆင်နယ်မှာ ကြောက်မက်ဖွယ်ကစားသမားတွေ ၊ ကစားဟန်တွေရှိတယ်။ ကျွန်တော်တို့ ပထမအကျော့မှာ ငါးဂိုးနှစ်ဂိုးနဲ့ ရှုံးခဲ့တယ်။ သူတို့ရဲ့ ကစားပုံမာထန်တာကိုလည်း သိပါတယ်။ ”

“ကျွန်တော်တို့ကတော့ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းနဲ့ တစ်လျှောက်လုံးကစားပြနိုင်ခဲ့ပြီ။ သူတို့ကိုလည်း
ဒုက္ခပေးနိုင်မယ်ထင်တယ်။ ဒီနေ့ညမှာတော့ အာဆင်နယ်ကို အကောင်းဆုံးကစားပြပြီး နာကျင်အောင် လုပ်ပြနိုင်ရမယ်” လို့ ပြောပါတယ်။

လက်စတာကွင်းလယ်လူ မာရက်ဇ်ကတော့ လက်စတာအသင်းက မနှစ်က တန်းဆင်းဇုန်နားမှာ တစ်ဝဲလည်လည်ဖြစ်ခဲ့ရတာဟာ ဒီရာသီမှာ ကြိုးစားဖို့ ဖိအားတွေပေးနိုင်ခဲ့တာကြောင့် အခုလို အခြေအနေအထိရောက်အောင် အသင်းက ကြိုးစားနိုင်ခဲ့တာလို့ ပြောပါတယ်။
အာဆင်နယ်အသင်းနဲ့ လက်စတာအသင်းတို့ကတော့ ဒီနေ့ည အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
 #sports.thithtoolwin.com

Ref : Skysports
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment