ဘန်ဇီမာနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို မြူးနစ်ကိုအရောက်ခေါ်ချင်နေတဲ့ အန်ဆယ်လော့တီ
လာမယ့်ကာလတွေမှာ ဘိုင်ယန်မြူးနစ်နည်းပြဖြစ်လာမယ့် Ancelloti (အန်ဆယ်လော့တီ)ဟာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က တပည့်ဟောင်းတွေဖြစ်တဲ့ Karim Benzema (ကာရင်ဘန်ဇီမာ) နဲ့ James Rodriguez (ဂျိမ်းစ်ရိုဒရီဂွက်ဇ်)တို့ကို လာမယ့်ကာလတွေမှာ မြူးနစ်မြို့မှာ လာကစားစေချင်နေတယ်လို့ သိရပါတယ်။
အန်ဆယ်လော့တီဟာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်မှာ ရှိနေစဉ်အတွင်းမှာ ဒီကစားသမားနှစ်ယောက်ကို အကောင်းဆုံးခြေစွမ်းတွေရအောင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဘာဗေးရီးယန်းကိုရောက်ရှိတဲ့အချိန်မှာလည်း သူတို့ကို ခေါ်ယူပြီး အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့ ဘိုင်ယန်ဥက္ကဋ္ဌ ရူမင်နစ်ဂီက ပြောပါတယ်။
ဘန်ဇီမာကို ခေါ်ယူမယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ နေရာလုရဖွယ်ရှိနေတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုတော့ ပြောင်းရွှေ့ကြေး ပေါင်သန်းရှစ်ဆယ်အောက်နဲ့ ခေါ်ယူရနိုင်ပြီး ဒီရာသီမှာတော့ ရီးရဲလ်အသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဖလော်ရင်တီနိုပီရက်ဇ်ကတော့ ရိုဒရီဂွက်ဇ်ကို ကောင်းမွန်တဲ့ လစာတစ်ရပ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ စီစဉ်နေပြီး ခြေစွမ်းကျဆင်းနေတဲ့ ဂျိမ်းစ်ကိုလည်း နားလည်မှုပေးထားနိုင်တယ်လို့ပြောပါတယ်။
နောက်ဆက်တွဲသတင်းတွေအရတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရဲလ်နဲ့ အပြိုင် ချယ်လ်ဆီးကွင်းလယ်လူဟာဇတ်ကိုလည်း ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal
0 comments :
Post a Comment