Powered by Blogger.

အဲဗာတန်နဲ့ ချဲလ်ဆီးတွေ့ဆုံနေတဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ


FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေကို ရွေးချယ်ရာမှာ ဂူဟစ်ဒင့်ရဲ့ ချဲလ်ဆီးက ဂူဒီဆင်ပတ်ကွင်းမှာ အဲဗာတန်နဲ့ကစားရမှာဖြစ်ပါတယ်။ ဒီနေ့ညယှဉ်ပြိုင်မယ့်ပွဲစဉ်တွေထဲက အာဆင်နယ်နဲ့ ဟားလ်စီးတီးတို့ပွဲမှာ အနိုင်ရရှိတဲ့ သူက ကွာတားမှာ ဝက်ဖို့ဒ်နဲ့ဆုံတွေ့မှာဖြစ်သလို မန်ယူနဲ့ ရှရူးဘယ်ရီတို့ပွဲထဲက အနိုင်ရရှိသူကလည်း ကွာတားမှာ လန်ဒန်ကလပ် ဝက်စ်ဟမ်းနဲ့ ဆုံတွေ့မှာဖြစ်ပါတယ်။

ဂူဟစ်ဒင့်ရဲ့ ချဲလ်ဆီးဟာ ညက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ မန်စီးတီးကို ငါးဂိုးတစ်ဂိုး နဲ့အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့တာဖြစ်သလို ရောဘတ်တိုမာတီနက်ဇ်ရဲ့ အသင်းကလည်း ၂၀၀၉ခုနှစ်နောက်ပိုင်းမှာ ကွာတားဖိုင်နယ်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် က ဟားလ်စီးတီးကို ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဖိုင်နယ်မှာတုန်းကတွေ့ဆုံခဲ့ပြီး ယခုအခါမှာ ပြန်လည်ဆုံတွေ့တာဖြစ်ပါတယ်။ တကယ်လို့အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်နေတဲ့ နည်းပြစတိဗ်ဘရုစ်ရဲ့ ဝက်ဖို့ဒ်နဲ့ ကွာတားမှာတွေ့ဆုံမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အလန်ပါဂျုးရဲ့ ခရစ္စတယ်ပဲလေ့စ်က ဝှိုက်ဟက်လိမ်းမှာ တော့တင်ဟမ်ဟော့စပါးကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ယူပြီး ၂၁နှစ်အတွင်း FA ဖလားကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ကာ ရီးဒင်းအသင်းနဲ့တွေ့ဆုံခဲ့ပါတယ်။

FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်များ

ရီးဒင်း                            vs        ခရစ္စတယ်ပဲလေ့စ်
အဲဗာတန်              vs        ချဲလ်ဆီး
အာဆင်နယ် (သို့) ဟားလ်    vs        ဝက်ဖို့ဒ်
ရှရူးဘယ်ရီ(သို့) မန်ယူ         vs        ဝက်စ်ဟမ်း

(Blue Lion)

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref: Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment