Powered by Blogger.

ရှရူးဘယ်ရီကို အနိုင်ရပြီး အက်ဖ်အေဖလားမှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ယူ



မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲကျန်တစ်ပွဲဖြစ်တဲ့ ရှရူးဘယ်ရီအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူက သုံးဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို အောက်တန်းလိဂ်က အဆင့် ၂၃ နေရာမှာ ရပ်တည်နေတဲ့ ရှရူးဘယ်ရီလို အသင်းကိုမှမနိုင်ရင်တော့ မန်ယူနည်းပြ ဗန်ဟားလ်လည်း တာ့တာပြရတော့မယ်လို့ ထင်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ပွဲမှာဆိုရင်တော့ မန်ယူအသင်းက ကွင်းတစ်ခြမ်းဖိကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ၇၅ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းဟာ နောက်တစ်ဆင့်တက်ရောက်ဖို့ ထိုက်တန်ခဲ့ပြီး လန်ဒန်ပြိုင်ဘက်ကောင်း ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

မန်ယူအသင်းမှာဆိုရင်တော့ အင်အားအတောင့်တင်းဆုံး လူစာရင်းကိုပဲ ပွဲထုတ်ခဲ့ပြီး နောက်တန်းမှာ ဗာရယ်လာ ၊ ဘော့သ်ဝစ်ခ်ဂျက်ဆင်နဲ့ စမောလင်း ၊ ဘလင်းတို့ကို အထိုင်ထားခဲ့ပါတယ်။ အလယ်မှာတော့ မာတာ ၊ ရှနိုက်ဒါလင် ၊ ဟာရဲရားတို့ကို သုံးခဲ့ပြီး မာရှယ်ကို တိုက်စစ်မြှားဦးမှာကစားစေခဲ့ပါတယ်။ ဒီပိုင်းနဲ့ လင်ဂတ်တို့ကတော့ ဘေးကနေဝန်းရံခဲ့တဲ့ ပုံစံကို အသုံးပြုခဲ့တာပါ။


ပွဲအစဂိုးကိုတော့  ၃၇ မိနစ်မှာ စမောလင်းက သပ်သပ်ရပ်ရပ်ကန်သွင်းခဲ့ပြီး မန်ယူကို ဦးဆောင်စေခဲ့ပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ မာရှယ်လ်ရဲ့ ထိုးဖောက်မှုကို တားဆီးရာကနေ မန်ယူတို့ ဂိုးရှေ့မှာ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့လို့ မာတာက ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့ပါတယ်။


ဒီဂိုးမှာတော့ မန်ယူရဲ့ အယောင်ပြ လူတံတိုင်းဟာ timing နှေးပြီး မာတာကန်ပြီးချိန်မှ ပြေးထွက်ခဲ့တာကြောင့် လူကျွံဘောသာဖြစ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာကြောင့် မန်ယူတို့ အနိုင်သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။ ပွဲသိမ်းဂိုးကိုတော့ ၆၁ မိနစ်မှာ လင်ဂတ်က ဟာရဲယားရဲ့ ပေးပို့မှုကနေ အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။



ဒါ့ကြောင့် မန်ယူအသင်းဟာ ဖိအားအနည်းငယ်လျော့ခဲ့ရပြီး နောက်တစ်ဆင့်မှာ ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲအတွက် အကောင်းဆုံးကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC , Youtube

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment