Powered by Blogger.

အမြှောက်တပ်သားတွေနဲ့ ကတ်တလန်သားတွေ ဘယ်သူအသာရမလဲ???



အာဆင်နယ်နဲ့ ဘာစီလိုနာအသင်းတို့ကတော့ အမြဲလိုလို ရေစက်ဆုံတတ်တဲ့ အသင်းတွေဖြစ်ပြီး အစဉ်အလာအရတော့ အာဆင်နယ်က ဘာကာကို မကျော်နိုင်တဲ့အကြိမ်ရေက များပါတယ်။

လက်ရှိကာလမှာဆိုရင် အရင်နှစ်တွေထက်တော့ အာဆင်နယ်အသင်းက အင်အားတောင့်လာပြီးတော့ အိုဇေးလ် ၊ ဆန်းချက်နဲ့ ကိုကွီလင်တို့ရဲ့ ခြေစွမ်းတွေက အာဆင်နယ်ကို အထောက်အကူပြုနေပါတယ်။ အရင်ကလို တိုက်စစ်အားသန်တဲ့ပုံစံနဲ့ မကစားတော့ဘဲ နောက်တန်းကို အနည်းငယ်အသားပေးပြီး တန်ပြန်တိုက်စစ်လိုမျိုးပြန်လာတဲ့ ကစားပုံကတော့ အာဆင်နယ်အတွက် အသင့်တော်ဆုံးဖြစ်နေတယ်ဆိုတာကတော့ ငြင်းရခက်ပါတယ်။ ကိုကွီလင်ကို အဓိက အားထားရတယ်ဆိုတာကလည်း ဒီကစားကွက်ကြောင့်လို့ပဲ ထင်မိပါတယ်။

ကိုကွီလင်ဟာ ရှေ့ရော၊ နောက်ပါအတက်အဆင်း အကောင်းဆုံးကစားနိုင်ပြီး ဘောလုံးနိုင်တဲ့ ကစားပေါက်ရှိပါတယ်။ ကိုကွီလင် ဒဏ်ရာရနေတဲ့အချိန်မှာတော့ အာဆင်နယ်ကစားပေါက်လည်း တန့်သလို မျိုးတောင်ဖြစ်နေခဲ့ပါတယ်။ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်ကို အသက်ဝင်အောင် ကစားပေးနေတဲ့ နောက်တန်း ဘယ်နဲ့ညာက အတွဲဖြစ်တဲ့ ဘယ်လာရင်နဲ့ မွန်ရီယယ်လ်တို့ကလည်း ပြီးခဲ့တဲ့ပွဲတွေမှာ Dead Pass တွေ အကြိမ်ပေါင်းမနည်းပို့ပေးပြီး အာဆင်နယ်ကို ကူညီပေးခဲ့တာကလည်း ဘာကာနောက်တန်းတွေ သတိထားရမှာပါ။

ကွင်းလယ်ကအိုဇေးလ်နဲ့ တောင်ပံတိုက်စစ်က ဆန်းချက်တို့ကလည်း ဘာစီလိုနာနဲ့နောက်တန်းနဲ့အတွေ့မှာ အကောင်းဆုံးရုန်းနိုင်မလား မသိပါဘူး။ ဟားလ်စီးတီးနဲ့ပွဲမှာတော့ ချန်ပီယံလိဂ်အတွက် လူချန်ပြီး ပွဲထုတ်ခဲ့တဲ့ နည်းပြ အာစင်ဝင်းဂါးကတော့ ဘာစီလိုနာနဲ့ ပွဲကို အပြည့်အာရုံစိုက်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်မှာတော့ Cech, Ospina, Monreal, Gibbs, Koscielny, Gabriel, Mertesacker, Bellerin, Chambers, Ramsey, Elneny, Coquelin, Flamini, Ozil, Oxlade-Chamberlain, Reine-Adelaide, Iwobi, Sanchez, Campbell, Walcott, Welbeck နဲ့ Giroud စတဲ့ ကစားသမားတွေကို လူစာရင်းမှာ ခေါ်ယူထားတယ်လို့ သိရပြီး အင်အားပြန်တောင့်လာတဲ့ ကစားကွက် ဖြစ်လာနိုင်တယ်လို့ ဆိုရမှာပါ။

ဘာစီလိုနာကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားပုံကို ရနေပြီး လာလီဂါမှာလည်း ရှစ်မှတ်အထိဖြတ်ပြီး ဦးဆောင်ထားနိုင်ပါတယ်။ တောင်အမေရိကတိုက်စစ်အတွဲဖြစ်တဲ့ MSN ကတော့ ဒီဘောလုံးရာသီမှာ သုံးဦးပေါင်း ၉၁ ဂိုးအထိသွင်းယူထားနိုင်ပြီး နားလည်မှုအကောင်းဆုံးရနေတဲ့ အနေအထားမှာရှိနေပါတယ်။

ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်ကတော့ ဒီတိုက်စစ်သုံးယောက်ဟာ အာဆင်နယ်ကိုလည်း ဒုက္ခပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။  ဘာစီလိုနာဟာ ဒဏ်ရာရ နေတဲ့ ခံစစ်ကစားသမား ဂျရတ်ပီကေးလည်း ပြန်လည်ပါဝင်လာမှာဖြစ်ပြီး နောက်တန်းအင်အားကတော့ ပုံမှန်ပြန်ဖြစ်လာမှာပါ။ Messi ကတော့ အာဆင်နယ်ကို အစဉ်အလာမှာ ဒုက္ခပေးလာတဲ့ ကစားသမားဖြစ်ပါတယ်။

ဘာစီလိုနာကတော့ Messi, Neymar, Suarez , Iniesta , Rakitic , Busquets , Alba , Pique, Mascherano , Alves , Bravo စတဲ့ လူစာရင်းနဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာတို့ဟာ နောက်ဆုံးခုနှစ်ကြိမ်တွေ့ဆုံမှုမှာ ၂၇ ဂိုးအထိ စုစုပေါင်းသွင်းယူနိုင်ခဲ့ပြီး ဒီနှစ်သင်းတွေ့ဆုံတဲ့တစ်ပွဲမှာ ပျမ်းမျှလေးဂိုးလောက်ရှိနေပါတယ်။

MSN ကို ထိန်းထားနိုင်မယ့် ပုံစံမျိုးကိုတော့ အာဆင်နယ်နောက်တန်းမှာ တွေ့ရနိုင်ပြီး ဂိုးတွေကို လွယ်လွယ်နဲ့ ခွင့်ပြုမယ့် ပုံစံမျိုးမှာတော့ ရှိမနေပါဘူး။ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်ကလည်း အထနှေးတတ်တဲ့ ဘာကာနောက်တန်းကို ထိုးဖောက်နိုင်ပြီး ဂိုးလည်းရနိုင်တဲ့အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။ ဒါ့ကြောင့် အီမရိတ်စ်ကွင်းမှာ ဂိုးပေါင်းနည်းနိုင်ပြီး ဘာကာဘက်က ထိုင်ထားရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Sportsmole, BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment