Powered by Blogger.

ရလာတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချသင့်ပြီလို့ အသင်းသားတွေကို ရာနီရေးရီတပ်လှန့်



လက်စတာအသင်းရဲ့ နည်းပြ Ranieri (ရာနီရေးရီ)ကတော့ ဖောက်ပြန်မှုတွေဖြစ်နေတဲ့ ပရီးမီးယားလိဂ်မှာ လက်စတာအသင်းအနေနဲ့ ရလာတဲ့အခွင့်အရေးတွေကို အပြည့်အဝအသုံးချသင့်နေပြီလို့ ပြောပါတယ်။ သူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက်မှာ မတွေ့ကြုံဖူးတဲ့ ကြုံတောင့်ကြုံခဲအခြေအနေတွေ ပရီးမီးယားလိဂ်မှာ ဖြစ်ပေါ်နေပြီး ရလာတဲ့ အခွင့်အရေးတွေကို အသုံးချဖို့ အချိန်တန်နေပြီဖြစ်တယ်လို့ နည်းပြ ရာနီရေးရီက လက်စတာအသင်းသားတွေကို တပ်လှန့်လိုက်ပါတယ်။

လက်စတာအသင်းဟာဆိုရင်တော့ မန်စီးတီး ၊ အာဆင်နယ်အသင်းတို့လို အင်အားကြီးအသင်းတွေကို ချန်ထားနိုင်ခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နေလျက်ရှိပါတယ်။ ဒီရာသီမှာဆိုရင်တော့ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကလည်း ခြေစွမ်းတွေထိုးကျခဲ့ပြီး မန်ယူတို့လို အသင်းကြီးတွေကလည်း ပုံမှန်ခြေစွမ်းကို ရရှိနိုင်ဖို့ ရုန်းကန်နေရတာကြောင့်လည်း ရာနီရေးရီက လက်စတာအသင်းသားတွေကို လာမယ့်ရာသီမှာ ထူးခြားတဲ့ ပြိုင်ပွဲကြီးတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် အသင်းသားတွေကို တပ်လှန့်လိုက်တာပါ။

နည်းပြရာနီရေးရီဟာဆိုရင်တော့ လက်စတာအသင်းအနေနဲ့လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲကြီးတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပြီး အသင်းပိုင်ရှင်ဖြစ်တဲ့ ထိုင်းမိသားစုကလည်း အသင်းကို ပိုမိုရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာမယ်လို့ ယုံကြည်လျက်ရှိနေတာပါ။

လက်စတာအသင်းဟာ ဆိုရင်တော့ အဓိက ကစားသမားတွေဖြစ်တဲ့ မာရက်ဇ်နဲ့ ဗာဒီတို့လို ကစားသမားတွေကိုလည်း အသင်းမှာ ဆက်ရှိနေအောင် ထိန်းထားနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ဥရောပအဆင့်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ရင်တော့ အသင်းက အမာခံကစားသမားတွေကို ဆက်ထိန်းထားနိုင်မယ်လို့လည်း ရာနီရေးရီကထင်မြင်နေပါတယ်။

“ဖောက်ပြန်မှုတွေဖြစ်ပေါ်နေတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်ထင်မိတာကတော့ အသင်းတိုင်းလိုလို ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေကြတယ်။ လက်စတာကတော့ ထိပ်ဆုံးမှာရှိနေပြီး ထူးဆန်းသလို ခံစားနေရမှာပါပဲ။ ကျွန်တော်တို့အတွက်တော့ ကောင်းမွန်ပါတယ်။ ဒီလိုအခြေအနေတွေက ပရီးမီးယားလိဂ်အစစ်အမှန်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အသင်းကို အကောင်းဆုံးကြိုးစားခိုင်းသွားမှာဖြစ်ပြီးတော့ လာမယ့်ရာသီအတွက် ပြင်ဆင်သွားမှာပါ။ လာမယ့်ရာသီကတော့ အစစ်အမှန်ဖြစ်လာမှာမို့လို့ပါ ” လို့ ရာနီရေးရီကပြောပါတယ်။

“အသင်းမှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိနေတယ်။ သူတို့ကို ရောင်းချသွားမှာမဟုတ်ပါဘူး။ အသင်းပိုင်ရှင်ကတော့ လက်စတာကို အသင်းကြီးတစ်သင်းဖြစ်လာအောင် တည်ဆောက်ချင်နေပါပြီ။ ကျွန်တော်တို့ အဆင့်မြင့်တဲ့ကလပ်ဖြစ်လာအောင် စွမ်းဆောင်သွားမှာဖြစ်ပြီး ဒီလိုရာသီမျိုးမှာ အကောင်းဆုံး အခွင့်အရေးယူထားရမှာပါ။ အသင်းက ကစားသမားတွေကလည်း အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ရာနီရေးရီက ဆက်ပြောပါတယ်။

လက်စတာအသင်းဟာဆိုရင်တော့ ဒီနေ့မှာ လီဗာပူးလ်အသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး ကွင်းလယ်လူ မတ်တီဂျိမ်းစ်နဲ့ ရှလပ်တို့ကတော့ လွဲချော်သွားမှာပါ။ တိုက်စစ်မှူး ရှင်ဂျီအိုကာဇာကီကတော့ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာပြီး ပြန်ကစားနိုင်ဖို့ အသင့်ရှိနေပါတယ်။


( Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : ESPN

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment