Powered by Blogger.

မန်စီးတီးနည်းပြသစ်ဖြစ်လာတော့မယ်လို့ ဂွာဒီယိုလာ အတည်ပြု



လက်ရှိဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ Guardiola (ဂွာဒီယိုလာ)ဟာ ဆိုရင်တော့ လာမယ့်ရာသီမှာ မန်စီးတီးအသင်းကို နည်းပြအဖြစ်ကိုင်တွယ်သွားတော့ဖို့ သေချာသွားပြီလို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကို နည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ ဂွာဒီယိုလာဟာဆိုရင်တော့ လက်ရှိကာလအထိ သူကိုင်တွယ်ခဲ့တဲ့ ၂၃၉ ပွဲမှာ ၁၉ ပွဲသာရှုံးနိမ်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပါတယ်။

ဒီလိုမှတ်တမ်းကောင်းတွေရထားတဲ့ နည်းပြကိုတော့ ချယ်လ်ဆီး ၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့က အပြိုင်ကမ်းလှမ်းခဲ့ကြတာဖြစ်ပြီး ဂွာဒီယိုလာက မန်စီးတီးအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဂွာဒီယိုလာကို တစ်နှစ်လစာ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုသွားတော့မှာ ဖြစ်ပါတယ်။

လက်ရှိမန်စီးတီးနည်းပြ Pellegrini (ပယ်လီဂရီနီ)ကတော့ ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲသွားမှာဖြစ်တယ်လို့ သူကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာဆိုရင်တော့ နည်းပြသစ်ဖြစ်လာမယ့် နည်းပြ ဂွာဒီယိုလာကို အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၅၀ ထုတ်ပေးသွားမှာဖြစ်ပြီး ဂွာဒီယိုလာကတော့ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းနဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကို စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။

ကိုင်တွယ်သွားမယ့် မန်စီးတီးအသင်းဟာဆိုရင်တော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး နည်းပြ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့လို့ အသင်းပိုင်ရှင် ရှိတ်မန်ဆာရဲ့ အိပ်မက်တွေကတော့ အကောင်ထည်ပေါ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment